လူငယ်ဟာသူ့ဒေါသတွေ ဆူဝေသွားတာပေါ့လေ ကြည့်စမ်းငါက သစ္စာရှိရှိနဲ့ သေအောင်ကြေအောင် အလုပ်လုပ်ပြီး ငွေရှာခဲ့ရသလောက် သူက တခြားယောက်ကျားနဲ့ ဖောက်ပြန်နေတယ်ပေါ့ နင်တို့ နှစ်ယောက်လုံးကို သတ်မယ်ဆိုပြီး သွားမလို့ ခြေလှမ်းလိုက်တယ်လေအဲဒီ အချိန်မှာပဲ တတိယ အကြံပေးချက်ကို သွားသတိရတယ်ပေါ့အဲဒါက စိတ်ဆိုး ဒေါသထွက်နေတဲ့ အချိန် ဒါမှမဟုတ် နာကျင်ဝမ်းနည်းနေချိန်မှာ ဆုံးဖြတ်ချက်မချ ပါနဲ့တဲ့လေ အဲဒါနဲ့ သူမသွားတော့ပဲ မနက်ကျမှ သူ့မိန်းမ သွားတွေ့မယ်လို ဆုံးဖြတ်ပြီး အိမ်နဲ့ ခမ်းလှမ်းလှမ်းက လယ်တောထဲမှာ အိပ်ဖို့ စဉ်းစားလိုက်တယ်လေနောက်ပြီး အိပ်နေရင်း စဉ်းစားမိတာကအင်း သူထင်သလို ဟုတ်နေရင် သူ့မိန်းမနဲ့ သူ့ချစ်သူကို မသတ်တော့ဘူးလေ တိတ်တိတ်လေးပဲ သူ့သူဌေးဆီပြန်ပြီး အလုပ်လုပ်တော့မယ်လို့ စဉ်းစားနေလိုက်တယ်လေအဲလိုနဲ့ မနက်ရောက်တဲ့ အချိန်မှာ သူအိမ်သွားပြီး တံခါးခေါက်လိုက်တယ်။ သူ့မိန်းမက တံခါးထွက်ဖွင့်ပေးပြီး သူ့ယော်ကျားမှန်း သိတာနဲ့ ချုံးပွဲချ ငိုတယ်လေဒါပေမဲ့ ယောက်ကျားက သူ့မိန်းမကို စောင့်တွန်းလိုက်ပြီး နင့်အကောင် ဘယ်မှာလဲလို့မေးလိုက်တယ်လေမိန်းမက ဘယ်အကောင်လဲဆိုတော့မှ ညက နင်နဲ့ဖက်နေတဲ့ အကောင်လေဆိုတော့မှ။ အဲဒါရှင့်သား ရှင့် သိရဲ့ လားလို့ ငိုပြီးပြန်ပြောတယ်လေရှင်ထွက်သွားပြီး ရက်အနည်းငယ်ကြာမှ ကျမမှာ ကိုယ်ဝန်ကျန်ခဲ့မှန်းသိတယ်လေရှင်သွားတာလဲကြာပြီမဟုတ်လားတဲ့