တစ်ရက်ပြီးတစ်ရက် အချိန်တွေ ကြာလာတဲ့အခါ ကဒ်လေးတွေ စုံလာတယ် မထင်ပါနဲ့
တဖြည်းဖြည်း ကဒ်တွေ ကုန်နေပါသည်။ ဟိုကတောင်းလိုက် ဒီကတောင်းလိုက်နဲ့
ဝိုင်းတောင်းသောကြောင့် ရှိတာလေးတွေ ပြောင်ပါတော့မယ် ကိုယ့်ကို နိုင်တဲ့သူကများတော့
မပေးလို့ကလည်းမကောင်းဘူးလေ ကိုယ်ကလည်း အားနာတက်တော့ တစ်ခါတောင်း
တစ်ခါပေးနဲ့ နောက်ဆုံး ဘာမှကို ကျန်တော့ပါဘူးဟယ် အားနာတော့ ရှိတာကုန်တာပေါ့နော်
နောက်တခါတောင်းရင်တော့ ပြန်ပြောလိုက်တော့မယ် ငါ့အကောင့်လေးပါ ယူထားပါတော့လို့
စိတ်တောင် ပျက်လာပြီနော် နင်တို့လဲ တစ်ခါပြန်ပေးလှည့်ဦး ပြောချင်တော့ဘူး
ကိုယ့်ရှိတာတော့ နှမြှောနေကြတယ် သူများဆီဘဲ လိုက်တောင်းရမ်းနေတာ
မပေးတော့ဘူး နောက်ဆို ရောင်းစားရမလားလို့ ကစားပါတယ် အလှူပေးနေရတယ်
တကယ် စိတ်တိုတယ် တိုက်ပွဲဝင်တဲ့အခါ ပိုစိတ်တိုတယ် နင်တို့ဘဲ တိုက်ကြတော့
ငါကျ ခဏခဏရှုံးနေတယ်ဟဲ့
Photo Credit : https://steemmonsters.com/#
Author : @arrowqueen