ငါဟာလေ တကယ်တော့ အထီးကျန်နေသလေးရယ်ပါနော်
လူတွေကတော့ ငါ့ကို အမြင်မကြည်ကြဘူးထင်ပါတယ် အမြဲတမ်း ဟောင်း
နွမ်းတဲ့ အမြင်နဲ့ဘဲ မြင်တက်ကြတယ် ကြည့်တက်ကြတယ်လေ
ဘယ်တော့မှ ဘယ်တော့မှ တည့်မက်သော ရိုးသားသော တိကျသောအမြင်
ဆိုတာက ရှိလာမှာမှမဟုတ်တာလေ။ သူတို့က ဒီလိုလုပ်ရတာကိုဘဲ ကျေ
နပ်နှစ်သက်နေကြတာပေါ့ လူတွေရဲ့ သဘောက အထူးအဆန်းလုပ်ရတာ
ကို ကြိုက်ကြတယ်လေ ကိုယ့်မှာ အထူးအဆန်းမရှိတဲ့အခါ သူတစ်ပါးကို
အထူးအဆန်းဖြစ်အောင် မကောင်းသော အတွေးနဲ့ လုပ်ပါတော့တယ်
ငါက လူတွေကို ဒုတ်ခမပေးခဲ့ပါဘူး လူတွေကသာ ငါ့အပေါ်ကို ဒုတ်ခတွေ
သောကအပူတွေကို လောင်းချခဲ့ကြတာပါ ဒါပေမယ့်လည်းလေ ငါကတော့
အပြုံးမပျက်ခဲ့ပါဘူး ဒါတွေကို ကျေနပ်စွာနဲ့ဘဲ လက်ခံယူခဲ့ရသူပေါ့
သူတို့ပျော်နေတယ်ဆိုရင် ငါတော့ စိတ်ချမ်းသာလိုက်တာပါဘဲ
လူတွေကို လူလို မြင်တက်ကြပါစေတဲ့ ပြောတက်လိုက်ကြတာ
လူတွေကကော လူတွေလို နေကြရဲ့လား တွေးကြည့်ကြပါဦး
လူစိတ်မဲ့နေတဲ့ လူတွေ ကော လောကမှာ ဘယ်လောက်များနေမလဲ
လူထဲကလူဘဲ လူတော့ ဖြစ်မယ်လို့ထင်နေတုန်းလား
လူမဟုတ်တော့တဲ့ လူ့ဘီလူးတွေ ဒီထက်ဆိုးဝါးတဲ့ အခြေအနေဖြစ်နေ
တဲ့ လူတွေ လေကအလယ် ဘယ်လောက်များနေကြပြီလဲ
အာမှမတွေးချင်တော့ဘူး အားလုံးကို လွှတ်ထားပေးလိုက်ပြီး တွေးချင်တာ
တွေးနေလိုက် တော့မယ် အားလုံးကို စိတ်ချမ်းသာစေချင် ရင်တော့ အားလုံးကို ခွင့်လွှတ်ပေးလိုက်တော့ နားလည်ပေးလိုက်တော့ ကိုယ့် အပေါ် ကို တော့ ပြန် ပြီး နား လည်ပေး စေချင်တာ ကိုေ မ့လိုက်ပါတော့
လေ ဒါတွေက တကယ်တော့ အိပ် မက်တွေရယ် ပါဘဲ လေ
@arrowqueen
photo ; google image