ကဒ်အသစ်တွေ မရဘူးဖြစ်နေတယ် ခေါင်းဆောင်ကဒ် အသစ်လေးတွေကို ဈေးကွက်ပေါ်မှာတော့ မြင်တွေ့နေရပေမယ့် တစ်ရက်တစ်ခါ ဖွင့်ရတဲ့ ကဒ်တွေထဲ ခေါင်းဆောင်အသစ်တွေက ပါမလာသေးဘူး ကိုယ်ဘဲမရတာလားတော့မသိပါဘူး သူများတွေတော့ ရလို့ဘဲ ဈေးကွက်ထဲမှာ တင်ရောင်းနေကြတာမဟုတ်ဘူးလား ပတ်ကေ့ ၀ယ်ဖွင့်ရမယ်နဲ့တူတယ် ပတ်ကေ့ကလဲ တစ်ခု နှစ်ဒေါ်လာဆိုတော့ ဈေးများနေသလားလို့ ပြီးတော့ ရမှာက ငါးကောင်ဘဲရတာလေ ရိုးရိုးအကောင်တွေဘဲ ရတယ်ဆိုရင် ပေးလိုက်ရတဲ့ နှစ်ဒေါ်လာက မတန်တော့ဘူးမဟုတ်လား ခေါင်းဆောင် အသစ်လေးတွေ ရချင်နေတယ် တဖြည်းဖြည်းချင်းတော့ သူတို့က ပေးလာမယ်ထင်ပါတယ် ပေးလာခဲ့ရင်တော့ သုံးရမှာပေါ့လေ အဲ့အခါကျတော့လည်း ရောင်းလို့ရရင် ရောင်းချင်နေပါဦးမလားဘဲ ဈေးရရင်တော့ ကိုယ်လည်း မနေနိုင်ဘူးရောင်မှာပါဘဲ
Photo Credit : https://steemmonsters.com/#
Author : @arrowqueen