အခုတလော ကံလေးတွေ နည်းနည်းကောင်းနေတာများလားမသိဘူးနော်
ပေးလာတာတွေက ချစ်စရာလေးတွေ ဒါပေမယ့် သူ့တန်ဖိုး သွားကြည့်တော့
အရင်နေ့တွေကလို မဟုတ်တော့ဘူး တန်ဖိုးတွေက အရမ်းကျနေတယ်
ဒါလေးရောင်းပြီး တခြား အကောင်လေးတွေ ၀ယ်မယ်စိတ်ကူးတာပေါ့
အခုတော့သွားပါပြီ ရောင်းလဲ ဘာမှ တန်တာမဟုတ်တော့ သုံးတော့မယ်
စိတ်ကူးတာပေါ့
သုံးကြည့်ပြန်တော့လည်း သူ့တစ်ကောင်တည်းဆို သိပ်အားမရှိဘူးဆိုတာ
တွေ့နေရတယ် နောက်ထပ်ပေါင်းစရာအကောင်ကလည်း မလာသေးဘူး
ပေါင်းရမှာကလည်း လေးငါးခြောက်ကောင်ဆိုတော့ မလွယ်သေးပါလားကွယ်
ဆုတောင်းရဦးမယ် နောက်ထပ် လာကြပါစေဦးလို့ ရယ်စရာတော့ ကောင်းနေပါပြီနော် ဆုတောင်းကလည်း မပြည့်တာကများသား
Photo Credit : https://steemmonsters.com/#
Author : @arrowqueen