ရေခဲရေသောက်မလား ရိုးရိုးရေသောက်မည်လား ကျန်းမာရေးအတွက် ဘယ်ရေက ကောင်းမွန်သလဲ
အပူအအေး မျှတစွာ နေထိုင်နိုင်အောင် ရေသောက်သည့်အခါ သတိထားလို့ သောက်သုံးသင့်ပါသည်
မြေအိုး၊ သဘာဝရေအိုးမှ အေးသောရေကိုသာ သောက်ပါ။
ဖြစ်နိုင်လျှင် ကြိုချက်ထားပြီးသော ရေကို အအေးခံပြီး ရေကျက်အေး သောက်ပါ။
ရေနွေးကြမ်း သို့မဟုတ် အဖန်ရည်ကို ထမင်းစားပြီးတိုင်း သောက်ပါ။
နံနက်အိပ်ယာထ ရေမချိုးမီ၊ ညအိပ်ယာဝင်ချိန်တို့တွင် ရေတစ်ခွက် သောက်သော အကျင့်ကို ကျင့်ပါ။
ရေခဲရေ၊ အလွန်အေးအောင် ပြုလုပ်ထားသော ရေကို ရှောင်ပါ။
ထမင်းစားနေစဉ်နှင့် ထမင်းစားပြီး ရေခဲရေ တစ်ဆက်တည်း သောက်လျှင် အစာအိမ်ကို ဒုက္ခရောက်စေပါသည်။အဲ့ဒီလိုမသောက်သင့်ပါဘူး
ရေခဲရေကို တစ်စွတ်စွတ် သောက်ခြင်းသည် အဆိပ်သောက်ခြင်းနှင့် တူသဖြင့် ထိုအကျင့်ကို ဖျောက်ပစ်ပါ။အကျင့်ဆိုတာ ပြုပြင်လို့ရနိုင်ပါတယ်
ရေကြောင့် အသက်ရှည်စေနိုင်သည်။ ရေခဲရေကြောင့် အသက်တို စေနိုင်သည်ကို အထူးသတိပြုပါ။
ရေကြောင့် အသက်ရှည်တက်သလို အသက်လည်းတိုစေနိုငတယ်လို့ သိရပါသည်
ရေခဲရေကို သောက်သုံးခြင်းသည် အရသာရှိသည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာ ကျန်းမာရေးအတွက်
ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည် ထို့ကြောင့် ရေခဲရေသောက်မည့်အစား ရိုးရိုး ရေအေးကိုသာ သောက်သုံးသင့်ပါသည်