အသိတစ်ခုက ဘ၀တစ်ခုကို ကယ်နိုင်တယ်လို့ပြောတယ်
ကိုယ်ဝန်ဆောင်နေစဉ် အခက်အခဲ ရှိနိုင်သော အခြေအနေတွေ ကတော့ အောက်ပါအတိုင်းဖြစ်ကြပါသည်။
ကိုယ်အလေးချိန်တိုးမလားခြင်း ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုယ်အလေးချိန်သည် အနည်းဆုံး ခြောက်ကီလို
ဒါမှမဟုတ် ဆယ့်သုံးပေါင် ခန့်တိုးသင့်ပါသည်။ မျက်ခွံနှင့် မျက်ခမ်းအတွင်းသားများ ဖြူဖပ်ဖြူရော်ဖြစ်နေခြင်း ပန်းရောင်
ဒါမှမဟုတ် အနီရောင်သာဖြစ်နေသင့်ပါသည်။ မျက်နှာနှင့် ခြေလက်များ ရောင်အမ်းနေခြင်းများလည်း ဖြစ်တက်ပါသည်။
အကူအညီကို ချက်ချင်းရစယူရန် ဒါမှမဟုတ် ဆေးရုံသို့ ပို့ရန် လိုအပ်သော အခြေအနေများကတော့ အောက်ပါ
အတိုင်းဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်နေစဉ် မိန်းမကိုယ်မှ သွေးဆင်းခြင်း ပြင်းထန်စွာ ခေါင်းကိုက်နေတက်ခြင်း
သွေးတို့သည့် အခြေအနေဖြစ်ပါသည်။ အလွန်းအမင်း အော့အန်နေခြင်း အဖျားကြီးပြီး ကိုယ်ပူလွန်းနေခြင်းတို့
ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်နေစဉ် အခိုက်တွင် ဘေးဖြစ်နိုင်သည့် အခြေအနေတစ်ခုမှ မပြခဲ့သော် လည်း မီးဖွား
ချိန်တွင် အခက်အခဲများ နှင့်တွေ့ကြုံနိုင်သည့်အတွက် အိမ်ထောင်ရှင်များသည် မိမိတို့နှင့် အနီးဆုံးဆေးရုံ ဒါမှမဟုတ်
သားဖွားခန်းများ ရဲ့ တည်နေရာနှင့် မည်ကဲ့သို့သွားရမည်ကို ကြိုတင် သိရှိထားသင့်ပါလေသည်။
အမျိုးသမီးတိုင်းသည်ကိုယ်ဝန်ဆောင်နေစဉ် အစားအသောက်ကို ခါတိုင်းထက် ပိုမိုပြီးတော့ စားသုံးရန် နှင့် ပိုမို
နားနေ၇န် လိုအပ်ပါလေသည်။ ကိုယ်ဝန်ရှိသည်နှင့်တစ်ပြိုင်နက် ခင်ပွန်းသည်နှင့် မိသားစုဝင်များသည် မိခင်လောင်း
အား အဟာရပြည့်ဝသော အစားအသောက်ကို နေ့စဉ်ပိုပြီးတော့ စားသုံးရန် ဂရုစိုက်သင့်ပါလေသည်။ မိခင်လောင်းသည် နေ့လည်
ဘက်တွင် လည်း ခါတိုင်းထက်ပိုပြီး နားနေသင့်ပါသည်။ အထူးသဖြင့် မီးမဖွားခင် သုံးပတ်အလိုတွင် ပိုပြီး နားနားနေနေ
နေသင့်ပါသည်။ ကိုယ်ဝန်ဆောင်များသည် နို့ အသီးအနှံ ဟင်းသီးဟင်းရွက် အသား ငါး ကြက်ဥ ဘဲဥ ပဲအမျိုးမျိုး ဆန်
ဂျုံ ပြောင်းစသည့် အဟာရဓါတ်ပြည့်ဝသော စားစရာများကို စားသုံးရန်လိုအပ်ပါသည်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း
ယင်းအစားအသောက်များကို ရှောင်ကြည်ရန် မလိုအပ်ပါဘူး
အမျိုးသမီး တစ်ဦးသည် ကိုယ်ဝန်ရှိနေပြီဟု သိလျှင် သိခြင်း ကိုယ်အလေးချိန်ကို စတင်ချိန်ကြည့်ပြီး နောက်ပိုင်းတွင်
လည်း မှန်မှန်ဆက်ချိန်သွားသင့်ပါသည်။ ကိုယ်အလေးချိန်သည် လစဉ်လတိုင်း တက်နေရမည်ဖြစ်ပြီး ကိုယ်ဝန်ရှိချိန်
မှ မီးမဖွားမီ အချိန်အထိ စုစုပေါင်း ရှစ်ကီလိုမှ ဆယ်ကီလို ဆယ့်ခုနှစ်ပေါင်မှ နှစ်ဆယ့်နှစ်ပေါင် အတွင်း တိုးလာရန်လိုအပ်
ပါသေလည်။
@arrowqueen
photo-google image