အလုပ်တွေမအားတာနဲ့ စာမရေးနိုင်တာ လချီအောင်ကြာသွားတယ်လေနော်။ အခုတော့ ပြန်ရေးကြည့်မလားလို့
စာကလည်း သူများတွေလို ကောင်းကောင်းလေး မရေးတက်တော့ တစ်ခါတလေ ရေးရတာ အားမပါတာလည်း
ဖြစ်တက်တယ်လေ ဘာအကြောင်းရေးရမလည်းမသိဘူး ရေးစရာခေါင်းစဉ်ကလည်းတွေးလို့ကိုမရဘူး
စာမဖက်ထားတော့ ရေးစရာပိုရှားတာပေါ့ ကူးချတာကလည်း အဆင်မပြေပါဘူး လိပ်ပြာမလုံဘူးလေ
ကိုယ့်ဘာသာကိုယ်ရေးတာက ကောင်းကောင်း မကောင်းကောင်း ဘယ်လိုနေနေ စိတ်လေးတော့အေးတာပေါ့
ရေးစရာမရှိလည်း ရှိတာရေးလို့ပြောကြတာပါဘဲ ရှိတာကလည်း စာမဖြစ်တဲ့အခါ တစ်ခါတစ်လေ စားရေးရင်း
ငိုချင်လာမိတယ် သူများတွေရေးတက်ပြီး ကိုယ့်ကျမှ ရေးစရာမရှိဘူးဖြစ်နေတယ်လေ ဒီနေ့တော့ စရေးပါပြီ
အရင်လို ဘုတ်လေးတွေ ပြန်ရအောင် လုပ်ရဦးမယ်လေ ပါဝါတွေဘာတွေလည်း များချင်လာပြီ သူများတွေ
ကိုကြည့်ပြီး အားကျလာတယ် တက်ယလို့သာ စာရေးတာမနားဘဲ ဆက်တိုက်ရေးခဲ့မယ်ဆိုရင် အခုလောက်ဆို
သူများတွေနဲ့ တန်းတူဖြစ်နေလောက်ပြီ အခုတော့ နားခဲ့မိလိုက်တာကိုနောင်တရနေရပြီလေ သူများရတာတော့
မနာလိုမဖြစ်ပါဘူ ၀မ်းတောင်သာသေးတယ် ကိုယ်မရတော့ အားငယ်တာ ရှက်တာတော့ဖြစ်တာပေါ့ သူများလို
ကိုယ်ကမှ ၀ီရိယ အားမထုတ်တာကို သူများရတာ မနာလိုစရာမရှိပါဘူး အပြစ်မြင်ချင်ရင် ကိုယ့်ဘာသာကိုယ်
သာမြင်သင့်တယ်လေနော် ကိုယ်မှ သူ့လိုမကြိုးစားတာ ဘယ်ဖြစ်မလဲ သူ့လိုဖြစ်ချင် သူ့လိုလုပ်ပေါ့ သူ့ထက်သာ
ချင်ရင်သူ့ထက်ပိုကြိုးစားရမှာပေါ့ အချိန်တန်ရင်တော့ ပါဝါတွေများလာမယ်ထင်တာလေ ဘာမှမလုပ်ဘဲနေလိုက်
တော့ အရင်အတိုင်းပါဘဲ ဘာမှ တိုးမလာပါဘူး အခုတော့ သဘောပေါက်သွားပြီး နားတာတွေဘာတွေမလုပ်တောပ
ဘူး စာတွေဆက်တိုက်ရေးတော့မယ် ဒါမှ အချိန်တန်ရင် သူဌေးဖြစ်တဲ့စာရင်းထဲကိုယ်ပါလာမယ်လေ