ဒီလိုလေးတွေစတင်လုပ်ပေးပါအုန်းပင်အား စိုက်ပြီး တစ်နှစ်သားမှစ၍ တစ်နှစ်တစ်ကြိမ် ဒိုလိုမိုက်ထုံးအား တစ်ပင်လျှင် ငါးရာဂရမ်နှုန်း ကျွေးပေးလျှင် ပို၍ ကောင်းပါတယ်မြေဩဇာကျွေးနည်းစနစ်များမှန်ဖို့တော့အထူးလိုအပ်ပါတယ်
နည်းစနစ်ကတော့ အုန်းပင်ပတ်ပတ်လည်တွင် အချင်းသုံးပခန့်ရှိသော စက်ဝိုင်းပုံ သဏ္ဍာန် အဝန်းအဝိုင်းအား နေရာသတ်မှတ်ပေးရပါမယ် ၎င်းသတ်မှတ်ပြီး အဝန်းအဝိုင်းအား သုံးလက်မ အကျယ် နှင့် ခြောက်လက်မအနက်ရှိသော မြောင်းကလေးတူးရပါမယ် ထို့နောက် ၄င်းမြောင်း ကလေးထဲသို့ ရောစပ်ပြီးသား မြေဩဇာများကို ညီညာစွာ ထည့်သွင်းပေးရပါမယ်ပြီးလျှင် ထိုမြောင်း ကလေးအား မြေဆွေးနွားချေးဆွေး တို့ဖြင့် ပြန်၍ဖုံးပေးထားရပါမယ်
နည်းစနစ်နောက်တစ်ခုကတော့အုန်းပင်၏ အရိပ်အဝန်းအဝိုင်းအတွင်း သံတူရွင်းဖြင့်တစ်ပေနဲ့တစ် ပေခွဲခန့် ရှိသော အပေါက်ကလေးများအဖြစ် အုန်းပင်ပတ်လည် လိုက်လံတူးထားပေးလိုက်ပါထို့နောက် ၎င်းကျင်း ကလေးများအတွင်းသို့ ရောစပ်ပြီးသား မြေဩဇာများထည့်ပေးထားလိုက်ပါ ပြီးလျှင် ၎င်းကျင်းကလေးများအား မြေဆွေး/နွားချေးဆွေးတို့ဖြင့် ပြန်၍ဖြည့်တင်းထားပေးပါဖျက်ပိုးများ တော့ရှိပါတယ်သိပ်တော့ပူစရာမရှီသေးပါ
မြန်မာနိုင်ငံတွင် အလွန်ဆိုးဝါးသောပိုးနှင့် ရောဂါများကျရောက်ဖျက်ဆီးမှု နည်းနည်းပါးပါတယ်စိတ်ချလို့ရပါတယ်