အမျိုးသမီးများအတွက် တားဆေးထိုးဆေးတားဆေးဟာအလွန်အာနိသင်ရှိပါတယ်။
အသုံးပြုရလည်းလွယ်ကူပြီး တစ်ခါထိုးရင် သုံး လခန့်ပါသည်
နို့တိုက်နေစဉ်မှာလည်းထိုးနိုင်ပါသည်
တခြားဆေးများကြောင့်လည်းအာနိသင်မပြောင်းပါဘူး။
ရာသီလာခြင်းကိုလည်းတားနိုင်တာကြောင့် တချို့အမျိုးသမီးတွေသဘောကျပါသည်
နေ့စဉ်ဆေးသောက်ဖို့မှတ်မနေနိုင်ဘူးဆိုရင်အသုံးဝင်ပါသည်
သားအိမ်ကင်ဆာနဲ့ တခြားတင်ပါးဆုံရိုးခွေအတွင်းရှိအင်္ဂါများရောဂါများမှကာကွယ်နိုင်ပါသည်
ရာသီလာခြင်းဆိုင်ရာပြဿနာများကုသရာမှာလည်းသုံးနိုင်သည်
ကာမဆက်ဆံ၇ာမှာအနှောင့်အယှက်မဖြစ်ပါဘူး။
ဖြစ်နိုင်ချေရှိသောဘေးထွက်ဆိုးကျိုးများ
တားဆေးထိုးဆေးဟာဘေးကင်းတယ်ဆိုပေမယ့် ဘေးထွက်ဆိုးကျိုးတွေတော့ဖြစ်နိုင်ပါသေးသည်
အချိန်ကြာသုံးပါက အရိုးထိခိုက်နိုင်ပါတယ်၊ ဒါကြောင့် တစ်ချိန်ချိန်မှာအရိုးကျိုးနိုင်ချေများပါသည်
ရာသီလာခြင်းကိုမူမမှန်ဖြစ်စေနိုင်ပါသည်
ခေါင်းကိုက်ခြင်း၊ ၀က်ခြံထွက်ခြင်းကဲ့သို့ အဆင်မပြေသောလက္ခဏာများခံစားရနိုင်ပါသည်
အလေးချိန်တက်လာနိုင်ပါသည်
အရင်ထက်ပိုစိတ်လှုပ်ရှားလာတတ်ပါသည်
ဝမ်းဗိုက်တ၀ိုက်မှာနေရထိုင်ရမအီမသာဖြစ်တတ်ပါသည်