သူ့နည်းစနစ်က ရှင်းပါတယ်လေရှေးဟောင်းအိန္ဒိယ
ရေလွဲရေပို့နည်းနဲ့ဂေဟစနစ်ထိန်းနည်းများကို ပြန်သုံးခြင်းဖြစ်ပါလေတယ် ရိုးရာအစဉ်အလာအရ ဂျိုဟတ်ဟု ခေါ်ဆိုသော
ရေထိန်းရေပို့ ဘောင်များ တည်ဆောက်ခြင်း ဖြစ်ပါတယယ်ကျောက်ခဲတွေ မြေတွေ ကွန်ကရစ် စသည်တို့ ဖြင့်ဆောက်ကာ
မိုးရာသီတွင် ရေများ စုဆောင်းစေပါတယ် မြစ်များအတွင်းသို့ စီးဝင်ခဲ့သော စမ်းချောင်းများအတွင်း ရေများရောက်အောင်
ဂျိုဟတ် များတည်က်ာဆောက်ပြီး ရေစီးအောင် လုပ်ဆောင်ခဲ့ပါတယ် ရေများစီးဆင်းမှု ချောမွေ့အောင်တော့ ဘောင်များကို
လိုက်ဆောက်ပေးခပါတယ် ကုန်းမြင့်ပေါ်မှ ရေများ မိုးတွင်းဝယ် ဂျိုဟတ်များအတွင်း စီးဆင်းအောင် လမ်းကြောင်းများရှင်းပေး
ပါတယ် ရပ်ရွာကို စည်းရုံးကာ အတူတကွ တည်ဆောက်ကြပါတယ် သိုလှောင် ထားသော ရေများက မြေထဲကို စိမ့်ဝင်ခြင်းဖြင့်
မြေအောက်ရေစနစ်ပြန်လည် ရှင်သန်အောင် လုပ်ဆောင်ခဲ့ပါတယ်ဂျိုဟတ် ရေလှောင်ကန်များကဲ့သို့ပင် မြစ်ငယ်များ
စမ်းချောင်းငယ်များ၏ စီးဆင်းမှုကိုလည်း ရှင်သန်စေခဲ့ပါတယ် ရပ်ရွာလည်း ရေကို တစ်နှစ်ပတ်လုံး ရစေသော ဆည်ကဲ့သို့
ဘောင်အသေးများကို တည်ဆောက်ခဲ့ပါတယ် အစပိုင်းတွငတော့် ရပ်ရွာ၏ ပူးပေါင်းမှုကို ရဖို့ ခက်ခဲခဲ့တယ်ပေါ့ ဒီလိုကြိုးစားရင်း
နောက်နှစ်ပေါင်း အတန်ကြာလာသောအခါ ရပ်မိရပ်ဖများက ဆရာဝန်၏ လုပ်ငန်းများတွင် ဝင်ရောက် အကြံပေး ကူညီလာ
ကြပါတယ်လေ ရေထိန်းကန်များ တည်ဆောက်ရန်အတွကတော့် သင့်လျော်သည့်နေရာများ ပေးခြင်းနဲ့ဝင်ရောက်လုပ်အား
ပေးခြင်းတို့ ပြန်လည်ရရှိခဲ့ပါတော့တယ် ရေကို စုဆောင်းခြင်း မြစ်များအတွင်းသို့ စီးဝင်စေခြင်း စသည်တို့ကို ဆယ်စုနှစပေါင်း
နှစ်ခုကျော် ဆက်တိုက်လုပ်ဆောင်နေသည့်အခါ သူ့မဟာဗျူဟာက အလုပ်ဖြစ်ပါတော့တယ် ရွာတစ်ထောင်ကျော်တွင်
စိမ်းစိမ်းစိုစို စိုက်ခင်းမျာ ပြန်မြင်လာရပတော့တယ် သောက်ရေများ ပြန်ရလာပါတယ်အပင်များ ပြန်များ လာပြီဖြစ်၍ မြေဆ
ီလွှာအရည်အသွေးလည်း ပြန်တက်လာတယ်လေ အာဗာရီမြစ်ကြီး ပြန်လည်စီးဆင်းလာသည်က ဒေသခံများ အဖို့ အတွက်
အကောင်းဆုံး သက်သေဖြစ်လာသည့်အတွက် ရာဂျန်ဒရာဆင်းဂ် နှင့် ပိုမို ပူးပေါင်းလာကြပါတော့တယ် ပြီးတော့နောက်ထပ်
မြစ်ငယ်လေးစင်းတွင် ယခုအခါ ရေများ ပြန်တွေ့နေရပြီ ဖြစ်ပါတယ် ရေတွေ ပြန်စီးလာတဲ့အခါ ရေကို ဘယ်လိုမျှပြီး သုံးကြမ
လဲဆိုတဲ့ ပြဿနာ တက်လာပါပြန်ပါတယ်ကျေး ရွာပေါင်း ခုနှစ်ဆယ့်နှစ် ရွာပေါင်းပြီး မြစ်ကြီးပါလီမန် ဆိုပြီး လုပ်ထားပါသေးတယ်
ပါလီမန်ကို လေးနှစ်တစ်ကြိမ်လုပ်တယ်လေ ဟု ရေလူသားက ဆိုပါလေ၏
Author : @arrowqueen
Photos credit; Google Image