စိတ်ထားမြင့်မြတ်ရေးပြဒါးတိုင်
ဘယ်အရာတွေကို ချိန်ကာတိုင်း
စိတ်ကောင်းစိတ်မြတ် ဒီဂရီတွေ
တိုးတက်လို့နေလား အမြင့်မားဆုံး
မနိမ့်ကျတဲ့စိတ်ထားတွေကိုမွေး
အခြေခိုင်တဲ့လုပ်ရပ်တွေနဲ့သက်သေတည်
မညံ့ဖျင်းအောင်ဂရုစိုက်ပါလို့
ဘ၀တစ်ခုကို မြင့်မားအောင်ဆောင်ရွက်
စိတ်ထားညံ့နေလျှင် ဘ၀တွေညံ့နေမည်
စိတ်ထားတွေနိမ့်ကျနေလျှင်
ဘ၀တွေလည်း အောက်ဆုံးရောက်မည်
ရုပ်အခြေအနေတွေဘယ်လိုတိုးတက်လည်း
စိတ်တွေကအောက်ဆုံးရောက်ရင်
အရာအားလုံးအချီးအနှီးဖြစ်လေမည်ပ
ပါးစပ်ကဘုရားဘုရားလက်ကားယားလိုဘဲ
သူတော်ကောင်းအရေချုံထားတဲ့
မသူတော် ကိုယ်တွေအပုတ်နံ့သင်းလေမည်
ကြည့်ကောင်းအောင်တော့လုပ်ကြပါကွဲ့
စိတ်နဲ့ရုပ်တွဲစပ်ထားသမျှ
တစ်ခုကောင်းတော့ မရလေဘူး
စိတ်ကောင်းရုပ်ကောင်း နှစ်ခုကောင်းမှ
လူကောင်းမည်မယ် ဒီကာလ၀ယ်
တွဲစပ်လို့ကောင်းအောင်လုပ်လေ
မယူတက်သူမရပါဘူး
ယူတက်သူ အထက်ကိုတက်မယ်
လိုက်ခဲ့ပါလေး
နတ်ဘုံနတ်နန်းစံမြန်းစေချင်
စိတ်ထားတွေပြင်ကြပါလို့
အကျိုးပေးတွေကောင်းလေတော့မည်
ပြုပြင်သည်သာ သင့်အလုပ်
လောကအလယ် သတင်းမွှေးမယ်
လူမသိလဲနတ်သိလေတယ်
အိုအဆွေ ဘယ်လိုတွေးနေလဲ
ခုချက်ချင်းပြင်ဆင်လိုက်ပါလေး
စွတ်စွတ်ဖြူစိတ်ထားလေးရယ်
အမြင်မှာလှ အကြားမှာတင့်တယ်
လူတကာငေးလို့ အားကျလေမယ်
သူတော်ကောင်းသူမြတ်လောင်းရယ်လို့
သင့်ဘ၀သင်သာပိုင်တယ်
ခုလုပ်ပါလေး
@arrowqueen
photo-google image