နူးညံ့ သိမ်မွေ့ခြင်း မရှိမှုတို့သည် ချမ်းသာကြွယ်ဝသူများရဲ့ ဖေါ်ပြမထားသော အရည်အချင်းတစ်ရပ်
လည်းဖြစ်တက်ပါသေးသည် ဟင်နရီဖို့ဒ်သည် သူ့ရဲ့ မိုဒယ်တီကို အလွန်ချစ်မြတ်နိုးခဲ့ပါလေသည်။
ဆယ်စုနှစ်နှစ်စုလောက် ၇ိုသေလေးစားဖွယ်ရာ အကျိုးဖြစ်ထွန်းခဲ့ပါလေသည်။ ထိုအချိန်များ ကုန်ဆုံး
လွန်မြောက်လေသော် ဖို့ဒ်မော်တော်ကား သည်သူ့ရဲ့ အလျှင်စလို ထုတ်လုပ်ခြင်းကြောင့် ယိုယွင်း
ပျက်စီးပြိုကွဲလုနီးပါး ဖြစ်ခဲ့ရဖူးပါလေသည်။ အခြားတစ်ယောက်လည်းရှိနေသေးသည်။ ဂျွန်ဂျက်ကော့
အက်စတာ သည်သားမွေးလုပ်ငန်းကို နှစ်ပေါင်း ငါးဆယ်လုပ်ကိုင်လာရာ စတင်လုပ်ကိုင်ခဲ့သောအချိန်မှ
တစ်ထောင့်ကိုးရာသုံးဆယ်ခုနှစ်များ ၀န်းကျင် စောစောပိုင်းကာလ တဖြည်းဖြည်းကျဆင်းလာသည့်အချိန်
အထိ ဖြစ်ပါလေသည်။ နောက် သူသည် သူရဲ့အတိုးများကို ဘာမျှတွေးမနေတော့ဘဲ ရောင်းချပစ်လိုက်
ပါလေသည်။သူ့ရဲ့ဘ၀ နောက်ဆုံးအချိန်သို့ ရောက်လာသောအခါ ဆိုးဆိုးဝါးဝါးကျဆုံးသွားပါလေတော့
သည်။ ဒါပေမယ့် အသက်ခုနှစ်ဆယ်အရွယ်ကြီးတွင် မီးရထားလမ်းများ လုပ်ငန်းသို့ပြောင်းရွှေ့ လုပ်ကိုင်
လာသည် သူ့ရဲ့နောက်ဆုံးဘ၀နိဂုံးချုပ်ကာနီး ဆယ့်ငါးနှစ်အလိုမှာပင် သူ့ရဲ့ ချမ်းသာကြွယ်ဝမှုများသည်
နောက်တစ်ကြိမ် ပြန်လည် ကြီးထွားလာခဲ့သည်။ ထိုသို့သော ဂုဏ် အရည်အချင်းများအလျှင်းမပါဘဲ
ရှည်ကြာပြီး အများအပြာ်းအသုံးပြုရသော နောက်ဆုံး အချက်တစ်ခုရှိလေသည်။ ရုဒ်ယ်ဒ် ကစ်ပလင်
သည် ထိုစွမ်းရည်ကို အံ့သြဘန်း ဖြစ်ခဲ့ရပါလေသည်။ ပြီးတော့ သင်ရဲ့အောင်ပွဲများကို အားလုံး တစ်စု
တစ်ပုံတည်းပြုလုပ်ဖို့ နောက်စွန့်စွန့်စားစားလုပ်ရ မြင့်ချီတစ်ခါ နိမ့်ချီတစ်လှည့်နှင့်ပါလား ဟု သူသည်
မှတ်ချက်တစ်ခုပြုထားခဲ့ပါလေသည်။ ထိုစကားသည် သူတစ်ယောက်အတွက်သာ ရေးသားခဲ့သည်မဟုတ်
လူသားအားလုံးအတွက် ရည်ရွယ်ရေးသားခဲ့ခြင်းဖြစ်ပါလေသည်။
@arrowqueen
photo-google image