သီချင်းလေးနားထောင်လိုက် ဂိမ်းတိုက်ပွဲလေးဝင်လိုက် အစားလေး ထစားလိုက်
ကော်ဖီလေး ဖျော်သောက်လိုက်နဲ့ အားလပ်ရက်မှာ စည်းစိမ်အပြည့်ယူနေပါတယ်
ဂိမ်းကလည်း အရင်လို လွယ်လွယ်မဟုတ်တော့ ကြိုးစားနေရပါတယ်
ရတဲ့အကောင်လေးတွေကလည်း တစ်ရက် သုံးကောင်တောင်မနည်းလုပ်နေရတယ်
အရင်လိုမရတာတော့ အများနည်းတူမို့ သိပ်ဖီလင် မဖြစ်ပါဘူး
ကိုယ်ရသလို သူများရတယ် သူများရသလို ကိုယ်လည်းရတယ်
သူများထက်ပိုရချင်ရင် သူများထက်ပိုကြိုးစားရမယ် ဒါဘဲလေ
ဒီဂိမ်းက အဲ့သလို လုပ်လို့လည်း အမြဲမရဘူး ကိုယ့်ရှိတဲ့ အင်အားနဲ့
ရောက်နိုင်သလောက်ဘဲ ရောက်မှာလေ များများရချင်ရင်တော့
စစ်သားများများ ၀ယ်ရမယ်လေ ငွေမကုန်ချင်ရင်တော့ ရှိတာလေးနဲ့ ဖြစ်အောင်သာ ကစားတော့
Photo Credit : https://steemmonsters.com/#
Author : @arrowqueen