အိပ်စက်ခြင်းသည် လူတစ်ယောက်ကျန်းမာစေရန် လိုအပ်ပါသည်။
အိပ်စက်ခြင်းသည် လိုအပ်သော သဘာဝတစ်ခုဖြစ်သည် အိပ်ရန်အတွက်
အချိန်တို့သည် ဖန်တီးထားသည် နေ့နှင့်ညတွင် ညသည် အိပ်စက်ရန် အကောင်းဆုံးသော အချိန်ဖြစ်သည် နေ့ဘက်အိပ်ခြင်းထက် ညဘက်အိပ်ခြင်းက ပိုမိုပြီး ကောင်းမွန်သော အခြေအနေဖြစ်သည်။ အားအင်ကုန်ခန်းသောအခါ အိပ်ခြင်းသည် အကောင်းဆုံး အားဆေးဖြစ်ပါသည်။
ခုခေတ်ကာလတွင် အိပ်မပျော်သော ရောဂါ ခံစားရသူများ သည် များသည်ထက်
များလို့လာပါလေသည်။ အင်တာနက် အသုံးပြုသူတစ်ဝက်ကျော်သည် အိပ်
ရေးမ၀ခြင်းကို မလွဲမသွေ ခံစားနေရသည်ဟု ဆိုပါလေသည်။
အမျိုးသမီးတို့သည် အမျိုးသားများထက် ပိုမိုပြီးတော့ အိပ်မပျော်သည့် ဝေဒနာကို
ခံစားရလေ့ ရှိပါသည်။ ဒီလိုအများက လက်ခံ ယူဆကြပါသည်။ အိပ်မပျော်ခြင်းကြောင့်
ဖြစ်ပေါ်တက်တာတွေ ကတော့ စိတ်တိုခြင်းဖြစ် တက်ပါတယ် အားအင် ကုန်ခန်းခြင်း
စိတ်ကူးဥာဏ် နိမ့်ကျခြင်း တို့ကိုလည်း ဖြစ်စေ တက်ပါတယ် ဒါ့အပြင် စိတ်ဓါတ်ကျစေ
နိုင်ပါတယ် နှလုံး ရောဂါနှင့် အ၀လွန် ရောဂါတို့ကိုလည်း ဖြစ်စေနိုင်ပါတယ် သုတေသန
ပြုလုပ်ထားတာတွေကို ဖော်ပြရမယ်ဆိုရင်တော့ အိပ်မပျော်ခြင်း ဆိုတာကတော့ ဆာ
လောင်မှုကို ထိန်းချုပ်သည့် ဟော်မုန်းများ ထုတ်လွတ်မှုကို တားဆီးကြောင်း တွေ့ရှိ
ရပါတယ် နောက်ဆုံး တွေ့ရှိချက်ကတော့ အအိပ်နည်းတာ ဖြစ်လာပါတယ် အဲ့ဒီလို
အိပ်တာနည်းတဲ့ အမျိုးသမီးတွေဟာ ပိုလို့ဝ လာတက်ပါတယ် အမျိုးသမီးများသည်
အရွယ်စရောက်ချိန်နှင့် ကိုယ်ဝန်ဆောင်ချိန် သွေးဆုံးချိန်များတွင် အိပ်မပျော်သည့်
ဝေဒနာကို အများဆုံး ခံစားတက်ကြရပါတယ် အိပ်မပျော်ခြင်းကို ရောဂါ
တစ်ခုကဲ့သို့ မခံစားစေရန်လည်း လိုအပ်နေပါသည်။ အိပ်မပျော်သောရောဂါသည် ခေတ်ပေါ်ရောဂါတစ်ခုလို ဖြစ်နေသည်ကိုတော့
လူတွေ သတိထားမိလာပြီဖြစ်သည် ခေတ်တွေပြောင်းလဲခြင်းနဲ့အတူ လူနေမှု
ပုံစံများလည်း ပြောင်းလဲလို့လာပါလေသည်။
အိပ်ရေးပျက်ခြင်းသည် အလွန်ဆိုးဝါးသော ကျန်းမာရေးအခြေအနေကို ဖြစ်ပေါ်
စေရန် အကြောင်းအရင်းတစ်ရပ်ဖြစ်လေသည်။ အိပ်ချိန် လုံလောက်စွာ ထားရှိ
ရန် အထူးလိုအပ်နေပါသည်။ တစ်ရက်ရှစ်နာရီ အိပ်စက်ခြင်းသည် လိုအပ်သော
အိပ်ချိန်ဖြစ်သည် လူတစ်ယောက်အတွက် အခြေခံလိုအပ်သောအိပ်ချိန်ကို မလျှေ့ပါးစေသင့်ပါဘူး။ဂရုစိုက်ပြီး နေထိုင်သင့်ပါသည်။
@arrowqueen
photo-google image