တစ်ခါကမိမိကိုယ်ကို သေပြီဟု ယုံကြည်နေသော စိတ်ရောဂါရှင် လူနာကို ဒေါက်တာဂွ ကုသရန်ကြိုးစားနေသည်... လူနာကို မှန်ရှေ့တွင် ရပ်၍ မိမိကိုယ်ကိုကြည့်ပြီး
"သေတဲ့သူက သွေးမထွက်ဘူးတဲ့.. သေတဲ့သူက သွေးမထွက်ဘူး" ဟူ၍ ထပ်ကာထပ်ကာ ရွတ်စေ၏
လူနာ၏ စိတ်ထဲတွင် သေတဲ့သူသွေးမထွက်ဟူသော အတွေးစွဲလောက်သော အခါ အပ်ဖြင့် လူနာ၏ လက်ထိပ်ကို ဆတ်ကနဲ ထိုးလိုက်လေသည်... ထို့နောက် သွေးထွက်လာသော လက်ကို ပြကာ
" ဒီမှာ တွေ့လား... သွေးထွက်တယ်လေ
"ဟုတ်ကဲ့... သွေးထွက်နေတယ်လေ
"ဟုတ်ပြီ... အဲဒီတော့ ခုနက မင်းရေရွတ်နေတဲ့ စကားအရနဲ့ အခု မြင်ရတဲ့ အမြင်အရ မင်းဘယ်လို ကောက်ချက်ချမလဲပြောပါ
"သေတဲ့သူက သွေးမထွက်ဘူးလို့ ဆရာက ပြောတယ်လေကွာ
"ဟုတ်ပြီလေ
"အခု ကျွန်တော်က သွေးထွက်နေတယ်..."
"ဟုတ်လာပြီ... အဲဒီတော့...??"
"အဲဒီတော့... သေတဲ့သူက သွေးထွက်တယ်ဆိုတာ ကျွန်တော် ဆရာ့ကို အခု သက်သေပြလိုက်နိုင်ပြီမဟုတ်လား