နှစ်ရက်တစ်ခါ

Words
62
Reading
1 min
Listen
Play
8y

all6.jpg
စာရေးတာတော့ နေ့တိုင်းလုပ်ချင်ပါတယ် ဒါပေမယ့်လည်းလေ အလုပ်အကိုင်ကလည်း လုပ်ရသေးတော့ အလုပ်တွေက များလာရင် စာရေးဖို့က အဆင်မပြေတော့ပြန်ဘူး ဒါနဲ့ဘဲ နှစ်ရက်တစ်ခါ စာလေးရေးဖို့ကို ပျက်ကွက်လာရတော့တယ် အရင်တုန်းကတော့ ရေးဖြစ်တယ် အခုက စတီးမစ်လုပ်ရတာ အရင်တုန်းကလို ပျော်စရာမကောင်းတော့ဘူးလေ ခြောက်တိခြောက်ချက် ဖြစ်နေတယ် စတင်းဈေးလည်း မကောင်းတော့ လုပ်ရတာအားမရှိလှပါဘူး အခုဆို ပေးတဲ့သူလည်း နည်းသွားပြီ ၈ိမ်းတွေဘဲ ကစားနေကြတော့တာ သူတို့ကလည်း ဂိမ်းတွေထွင်ပြီး စတင်းတွေ ပြန်ယူနေသလားမသိပါဘူး ဂိမ်းကစားတာက အမြတ်တော့ရတယ် တကယ်ကစားသူတွေက အမြတ်မရတာလည်း ရှိနေတယ် စတင်းတွေက တစ်နေရာကို သွားစုမယ့်သဘောဘဲ စိတ်မနိုင်တော့ရင် ဂိမ်းမကစားတာကောင်းတယ် မဟုတ်ရင် စတင်းတွေ ကုန်သွားနိုင်တယ် အခုတောင် ကုန်ချင်နေပြီး တိုးမလာတာသာကြည့်တော့ သုံးချင်စရာတွေကများလာတယ်နော် သတိထားမိကြလားမသိဘူး အခုထိတော့ စာလေး ရေးလိုက် ဂိမ်းလေးဆော့လိုက်နဲ့ စောင့်နေတုန်းပါ

Photo Credit : https://steemmonsters.com/#
Author : arrowqueen@arrowqueen

နှစ်ရက်တစ်ခါ | Ecency