လူ့ဘဝရဲ့​နေဝင်​ချိန်​​လေး

Words
50
Reading
1 min
9y
Listen to this post
~1 min

image

လူ့ဘဝရဲ့​နေဝင်​ချိန်​​လေး

လမင်းတစ်ရာ မသာနိုင်သောညတွေမှာ
ကြယ်ကလေးတွေကိုငေးကြည့် နေမိပြီလေ
ကြယ်ရောင်လေးတွေ လင်းလက်စွာနဲ့
ကြွေကျနေတဲ့ ကောင်းကင်းတစ်ခွင်က
မိုးသားလေးတွေကင်းစင်နေတယ်
တိမ်တန်းလေးတွေမရှိတဲ့ ညတစ်ညက
ကောင်းကင်းကြီးအတွက် သာယာနေသော်လဲ
မသာယာနိုင်တဲ့ မြေပြင်က
အမှောင်ညတွေကြီးစိုးနေပြီလေ
တစ်နေ့ထက် တစ်နေ့ အသက်တွေကကြီးရင့်
လာသလို တစ်လပြီးတစ်လ အချိန်တွေကကုန်
ခဲ့ရပြီ နှစ်တွေလဲပြောင်းလို့ နှစ်တွေလဲ
ဟောင်းခဲ့ရပြီ အိုမင်းရင့်ရော်လာတဲ့
လူဘြဝရဲ့ သက်တမ်းတွေက နေဝင်ချိန်တွေဆီသို့
လှမ်းနေရပြီ ကျန်ရှိနေတဲ့အချိန်လေးတွေနဲ့
ထွန်းလင်းနေတဲ့ နေမင်းကြီးမဝင်ခင်လေးမှာ
တော့လူဘဝရဲ့ဆိုးကျိုးတွေ လူဘဝရဲ့
ကောင်း​ကျိုးတွေကို မြင်နိုင်သလောက်
မြင်နိုင်အောင်ကြည့်ပြီး လောကကြီးအတွက်
ကောင်းကျိုးပြုနိုင်အောင် ကျိုးစားရမှာက
လူဘဝရဲ့တာဝန်တစ်ရပ်​ဆိုတာကို
သိထားဖို့အတွက် ငါ့ကိုယ်ငါ့ သတိရစေဖို့အတွက်
လိုအပ်နေပြီလေ...
arkarphyo7@arkarphyo7
photo.google

လူ့ဘဝရဲ့​နေဝင်​ချိန်​​လေး | Ecency