အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
ဒီနေ့တော့ စာမရေးနိုင်ပါ။ ဒါပေမယ့် ပို့စ်တစ်ခုတော့ တင်မှဖြစ်မယ်။ ဒီတော့ကာ စကားလက်ဆောင်တစ်ခုနဲ့ ဓာတ်ပုံပဲ တင်ပေးလိုက်ပါတယ်။ အဖိုးတန်တာ မတန်တာကတော့ အသုံးချတဲ့သူအပေါ်မှာ မူတည်မယ်လို့ထင်ပါတယ်။



တိမ်နဲ့နေရောင်တွေ လှနေလို့ အပြေးအလွှား ကြိုးစားပမ်းစားနဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။
စကားလက်ဆောင်အနေနဲ့ကတော့
အချို့သောလူတွေက "မမှန်တာဆိုရင် လက်မခံဘူး"လို့ ပြောတတ်ကြတယ်။ အဲလိုပြောတတ်တဲ့လူအများစုက လူ့ဂွစာ လူ့ကန့်လန့်တွေဖြစ်နေတတ်တယ်။ အဲလိုပြောတတ်တဲ့လူတွေကို "မှန်တာကိုပြောကြည့်ရင် ပိုဆိုးတတ်တယ်" ဂျစ်ကန်ကန် ရှေ့နောက့် မသိမကြည့်ပဲ ပြောချင်ရာပြောတတ်ကြတယ်။ ကျွန်တော့်အမြင်ကတော့ ပညာမဲ့သူတွေလို့ပဲသတ်မှတ်ပါတယ်။
အဲဒီလို လူ့ဂွစာ လူ့ကန့်လန့် ဂျစ်ကန်ကန် ပြောချင်ရာ ဇွတ်ပြောတတ်သူတွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်သင့်ပါတယ်။
သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
အားလုံးကို လေးစားလျှက် -