လက်ထပ်တော့မယ်ပေါ့ဟုတ်လား
သေချာတာတစ်ခုကတော့လေ
အိမ်ထောင်ပြုတယ်ဆိုတာဟာ
လိင်ကိစ္စတစ်ခုတည်းအတွက် တော့
ပြုတာမဟုတ်ဘူးနော်စိတ်ကူးလွဲနေမယ်
အထက်မှာရေးခဲ့သလိုပဲလေ
သူ့မိဘကိုယ်စား တာဝန်လွဲပြောင်းယူတာပါ
သဘောတရားတစ်ခုပဲပေါ့လေနော်
မတူညီတဲ့ဘဝနှစ်ခုနဲ့ ဘဝတစ်ခု မိသားတစ်စု
တည်ထောင်ခြင်းဖြစ်တယ်လေနော်
မယားကျင့်ဝတ်တရားကငါးပါးတောင်လေ
အိမ်တွင်းမှုလုပ်သိမ်းထုတ်သေချာ
မိစ္ဆာကျဉ်ရှောင် လျှော်အောင်ဖြန့်ချိ
ပျင်းရိမမူ ဝတ်ငါးဆူအိမ်သူ ကျင့်အပ်ရာတဲ့နော်
မေ့နေလို့မှားရင်လည်း ပြင်ဆင်ဖတ်ရှုပေးပေါ့လေ
လင်ဝတ်တရားငါးပါးပေါ့
မထီမဲ့ကင်းအပ်နှင်းဥစ္စာ
မိစ္ဆာမမှားဝတ်စားဆင်ယင်
မြတ်နိုးကြင် ငါးအင်လင်ကျင့်ရာတဲ့လေနော်
မိသားစုတိုင်း ကိုယ်စိတ်နှစ်ဖြာလို့
ကျန်းမာ ချမ်းသာ ကြပါစေလို့
ကျင့်ဝတ်တွေကိုသေချာကျင့်နိုင်ပါစေ
စည်းကမ်းတကျဘဝကိုဖြတ်သန်းနိုက်ပါစေ
အချစ်နဲ့ဘဝကိုတွဲစပ်တက်ရမယ်လေ
တူညီသောသိတ်ထားရှိစေရမယ်နော်
ပျော်စရာမိသားစုဆိုတာတည်ဆောက်ယူရတာ
ဖန်တီးယူရတာပါနော်
အမြဲတမ်းအတွက်တော့ပျော်စရာဖြစ်တယ်လေ
@anmali
photo-google image