rကိုယ် phမဆက်ရင် သူ့ဘက်က
ဆက်လာမယ်ဆိုတာမရှိခဲ့ဖူးဘူး📱
.
ကိုယ်က မနေနိုင်လွန်းလို့ခေါ်မိပြန်လည်း
သူက ဘာလို့ မခေါ်တာလဲလို့
မေးတယ် blindကြီးပေါ့ငါက😬
.
သူ့အတွက်ဆို ကိုယ့်ဘက်က
အသင့်ရှိနေသလောက်
သူ့ဘက်ကဆို ကိုယ့်ကို အရေးမစိုက်ခဲ့...
ယုတ်စွအဆုံး ကိုယ်လောကကြီးမှာရှိနေမှန်း
သူ သိမယ်တောင် မထင်ဘူး😪
.
အရာရာတိုင်းကို ပြည်ဖုံးကားချ
မေ့လိုက်ချင်မိပါရဲ့...
အသက်ရှုလိုက်တိုင်း လွမ်းနေတာ
ရင်ခုန်လိုက်တိုင်း သတိရနေတာ က
ခက်နေတယ်😢
.
အရင်ကဆို ငါ့ရဲ့ဘဝမှာ မင်းက
တကယ်ကို မရှိမဖြစ်လို့
ထင်ခဲ့ဖူးတယ်😷
.
မင်းသာ ငါ့ကိုတန်ဖိုးထားခဲ့ရင်
မင်းရဲ့ ချစ်ပါတယ်ဆိုတဲ့
သူငယ်ချင်းတွေ နဲ့ ပေါင်းပြီး
မလှောင်သင့်ဘူး
အဲ့ခါတုန်းက ငါမင်းကို
စိတ်ပူမိသွားတာအမှန်
တကယ်တော့...မင်းငါ့ကို
တန်ဖိုးမထားခဲ့တာပါ့😥
.
မင်းရဲ့  အချစ်ဆုံး စာရင်းထဲက
သူငယ်ချင်းတွေနဲ့ ငါ
ဘယ်အရာမှ မယှဉ်နိုင်ပါဘူး
ငါ့ဘဝက မင်းသိတဲ့အတိုင်း
အရာရာမှာ နုံချာနေလို့ပါ
အာ့ကြောင့် သူတို့နဲ့နှိုင်းပြီး ငါ့ကို
လာမယှဉ်ပြပါနဲ့😬
.
ငါ့ကိုယ် ထက်ပို မင်းကို
တန်ဖိုးထားခဲ့ပါတယ်
မင်းက ငါ့ကို သူများတေထက်ကို
မပိုခဲ့ဘူး ... ငါလိုချင်တာ
မင်းရဲ့ဘဝမှာ ငါက
အရာရာထက်ကို ပိုစေချင်တာ😒
(မိဘကလွဲရင်ပြောတာ ငါ့မှာလဲအတူတူဘဲ)
.
ငါခင်ပြမှခင်ပါတယ်လို့
ငါချစ်ပြမှ ချစ်ပါတယ်လို့
ပြောနေဖို့ မလိုဘူး ထင်တယ်😫
.
မင်းနဲ့ ငါက စိတ်ဓာတ်ချင်းလဲ
အရာရာကွာဟပါတယ်
မင်းက စိတ်ထားကောင်းတယ်
ဆက်ဆံရေး ကောင်းတယ်
လူချစ်လူခင်ပေါ တယ်
ငါက ဆက်ဆံရေးမကောင်း
အာ့ကြောင့်လဲ လူမုန်းများတယ်😕
.
ပြီးတော့
.
အခုချိန်တောင်ဝေးနေတာ
နောက်ဆိုရင် ငါတို့တွေ
ကိုယ့်လမ်းကိုလျှောက်ရင်း
ခွဲခွာပြီး ပြန်မဆုံနိုင်တော့ဘူး😵
.
မင်းလဲ...
ကိုယ့်ဟာကိုယ် အတောင်စုံပြီလို့ထင်ရင်
မြင့်မြင့်ကိုသာ ပျံသန်း လိုက်ပါ
ဒါပေမဲ့ ပေါ့
မင်း ပျံသန်းနေတဲ့အချိန်
လေဆန်ရာ လမ်းရဲ့ အခက်အခဲတွေ
အတားအဆီး တွေ မာယာတွေကြားမှာ
မင်း လွတ်လမ်းတွေ့ပြီး
လွတ်လပ် စွာ ပျံသန်းနိုင်ပါစေလို့
ငါဆုတောင်းပေးပါတယ်📈
.
နောက်ဆုံးအနေနဲ့ ...
ငါမင်းကို မှာချင်တယ်
အိုင်တွေ့တိုင်းလည်း ခြေမဆေးနဲ့
ဟိုး အရင်ကလို
ရိုးရိုးသားသားလေးနေပါ
💀ပြီးတော့ မင်းရဲ့ဘဝမှာ
ငါလိုလူမျိုး နောက်ထပ်မတွေ့ပါစေနဲ့။
Original Credit