သာကေတဆေးခန်း၊ ရန်ကုန်
[English Version Below]
“ကျွန်မယောက်ျားနဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဧရာဝတီတိုင်းက ကျွန်မရဲ့ဇာတိမြို့မှာ တွေ့ကြတာပါ။ ကျွန်မတို့ လက်မှတ်ထိုးယူပြီး တစ်နှစ်လောက်ကြာတော့မှ သူ့မှာ မိန်းမရှိနေတာ သိရတယ်။ သူရယ်၊ သူ့မိန်းမရယ်၊ သူတို့ရဲ့ကလေးတွေရယ်နဲ့ ကျွန်မ အတူတူနေဖို့ ပြောင်းလာခဲ့ရတယ်။ နောက်ပိုင်းတော့ ရပ်ကွက်ထဲက သူပိုင်တဲ့ တခြားအိမ်တွေမှာ တခြားယောက်ျားတွေနဲ့ ကျွန်မကို အတင်း အတူနေခိုင်းခဲ့တယ်။ နောက်တော့ မိန်းကလေးငယ်ငယ်လေးတချို့ ရောက်လာကြပြီး ကျွန်မတို့အိမ်မှာ လာနေကြတယ်။ အဲတော့မှ သူက ပြည့်တန်ဆာခေါင်းတစ်ယောက်ဖြစ်မှန်း ကျွန်မ ရိပ်မိတော့တယ်။ ကျွန်မလည်း ကြေးစားတစ်ယောက် ဖြစ်လာတယ်။ ကျွန်မ လိင်မဆက်ဆံချင်ဘူးလို့ ငြင်းတဲ့အခါတိုင်း အရိုက်ခံရတယ်၊ ထမင်းလည်း မကျွေးဘူး။ ဧည့်သည်တွေနဲ့အတူနေတိုင်း ကျွန်မ အမြဲတမ်း အကာအကွယ်သုံးပါတယ်။ ယောက်ျားနဲ့တောင် သုံးတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျွန်မမှာ အိတ်ခ်ျအိုင်ဗီပိုးရှိနေတာ သိလိုက်ရတယ်”
“အဲဒီကစပြီး ကျွန်မ ထွက်ပြေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ ထွက်ပြေးတဲ့အခါတိုင်း သူက ရဲတွေနဲ့ တခြားအဆက်အသွယ်တွေက တစ်ဆင့် ကျွန်မကို ပြန်တွေ့ရင်တွေ့၊ ဒီလိုမှမဟုတ်လည်းကျွန်မ သူ့ဆီ ပြန်သွားရတာချည်းပဲ။ သူက ကျွန်မ မိသားစုကို ခြိမ်းခြောက်ထားတာကို။ နောက်တော့ ကျွန်မ ညီမနဲ့ မောင်ကို ရန်ကုန်ကိုပို့ဖို့ ကြိုးစားတယ်၊ ပြီးတော့ ကျွန်မ မိဘတွေကို တခြားတစ်နေရာကို ပို့ဖို့ ကျွန်မ ကြိုးစားခဲ့တယ်။ ကျွန်မ ယောက်ျားဆီက ထွက်ပြေးခဲ့တာ လေးကြိမ်၊ ငါးကြိမ်လောက်ရှိနေပြီ။ ဒီတစ်ကြိမ် နောက်ဆုံးဖြစ်ပါစေ မျှော်လင့်ရတာပဲ”
သင်းသင်း၊ ၃၁ နှစ် (*အမည်ပြောင်းလဲထားသည်)
Takheta Clinic, Yangon
“I met my husband 10 years ago in my home town in Ayeyarwady Region. We got married and a year later I found out that he had another wife. I had to move to live with him, his
other wife and their children. Later he forced me to sleep with other men in other houses in the neighbourhood which he also owned; then some girls came and went to live in our house. I realised then that he was a pimp and that I had already become a sex worker. Whenever I refused to have sex, I was beaten and left hungry. I always used protection with the clients, and even with my husband, but about five years ago, I found out that I was HIV-positive. Since then I’ve often tried to run away, but every time, either he found me through the police and other connections, or I had to go back because he threatened my family. Then I tried to send my sister and brother to Yangon and my parents somewhere else. About a year ago, I came to Yangon to live with my sister and brother. I have run away from my husband four or five times already. Hopefully this is the last time.”
Thin Thin, 31 (*Name has been changed)
Photograph: Pyay Kyaw Myint, 2017