SM ဘက် ခြေဦး ပြန်လှည့်ရင် ကောင်းမလား။ (@aggamun)

aggamun(62)
Published in
#gaming
Words
191
Reading
1 min
Listen
Play
7y


source

DEC တွေ သာ ယခုလို စတင်းအင်ဂျင်နဲ့ ချိတ်ဆက်ပြီး ဈေးကစားလို့ ရမှန်း သိခဲ့ရင် ကျွန်တော် sm ကဒ် တွေကို လွယ်လွယ် ရောင်းခဲ့လိမ့်မည် မထင်ပါ။ ကျွန်တော် ကဒ် တွေ ရောင်းတော့မည်၊ sm ကို ဖြတ်တော့နည် လို့ ဆုံးဖြတ်စဉ်က DEC လည်း အသံ မကြားမိ။ တဖက်က ထွက်လာမည့် ဂိမ်း အသစ် အတွက် အရင်းအနှီး လိုအပ်ချက်ကိုသာ ကြည့်ခဲ့မိသည်။ ယခုတော့ အကုန် လွန်ကုန်ပြီ ဖြစ်သည်။

ယခု စတင်းအင်ဂျင်မှာ DEC လေး ကစားလို့ ကောင်းသည် လို့ မိတ်ဆွေ ဆရာ သမားများက ပြောသည်။ ပေါက်ဈေး ကလည်း တနေ့ တခြား စိမ်းလို့ ချည်း နေ နေသည်။ sm ကစားရင် ကဒ်လည်းရ DEC လည်း ရ၊ ရလာတဲ့ DEC ကို စတင်းအင်ဂျင်မှာ အရောင်းအဝယ် ကစားချင် ကစား၊ မကစားချင် ဗုတ်တောင်း ဆိုပြီး ပြောင်းလဲ လိုက်တဲ့ အနေအထား လေးက စိတ်ဝင် စားဖို့ ကောင်းသည်။

အရောင်းအဝယ်လေး အဆင်ပြေရင် တစ်နေ့ တစ်နေ့ စတင်းလေးတွေ အမြဲ ရသည်လို့ လည်း ပြောကြသည်။ ကျွန်တော် လည်း ပြန်ကစားရင် ကောင်းမလား စဉ်းစားနေမိသည်။ DEC လေးတွေ ရတဲ့ အပိုင်းက ကျွန်တော့ကို အတော် ဆွဲဆောင် နေပါတယ်။ နောက်ပိုင်း တော့ ကစားဖြစ်အောင် စတင်းလေးတွေ ပြန်စုရဦးမည်။

တကယ်လို့ ကစားဖြစ်ရင် စာရေးနိုင်ပါ့မလား မသိဘူး။ အီးစတင်းနဲ့ စတင်းပရက်စ် တစ်ခုခုတော့ ဖြတ်ရလိမ့်မည်။ SM က quest တင် အတော် အချိန်ပေးရသည်။ အချိန်ပေး ကစားရင်တော့ ပြိုင်ပွဲ ဇယားထဲ ဝင်ဆွဲ လိုက်ဦးမည်။ ဆိုတော့က အချိန်ပေးရမှာက တော့ သေချာသည့် အတွက် စဉ်းစားဖို့ လိုအပ်ပေသည်။ စာရေးတာက လည်း ဘာဖြစ်ဖြစ် ဗုတ်က မလွတ်တမ်း ယူနိုင်သလို RP အတွက်လည်း ချိန်ရမည်။
sm က ကစားဖူးတဲ့ အနေအထားလေးက ရှိတော့ ကျစ်ကျစ် လစ်လစ် လေး ကစားလို့ရနိုင်သည်။ လိုအပ်တဲ့ ကဒ်လေးတွေသာ ကိုင်ထားပြီး ကဒ် အပိုတွေ ကို ရောင်းထုတ်ပစ်ဖို့ လက်တွန့် နေစရာ မရှိတော့။ ဘယ်ကဒ်က ဘယ်လိုဆိုတာ နည်းနည်းတော့ သိနေပါပြီ။ ဒါကြောင့် မကြာခင် sm ဆီကို ကျွန်တော် သွားရောက် ကစားဖို့ အခြေအနေကို စဉ်းစားနေပါပြီ။ စတင်းတွေလည်း စုနေပါပြီ။

Written by aggamun@aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=83
SM ဘက် ခြေဦး ပြန်လှည့်ရင် ကောင်းမလား။ (@aggamun) | Ecency