One of my life experiences : Tell as true!

Words
173
Reading
1 min
Listen
Play
7y

ယခု ကျွန်မသည် အသက်အရွယ်အရ ငယ်သေးသဖြင့် ဘဝရဲ့ အရသာကို တစ်စိတ်တစ်ပိုင်းမျှသာ ခံစားခဲ့ရပါတယ်။ ဒုက္ခ သုခတစ်ချို့ကိုလည်း ကြုံတွေ့ခဲ့ပါတယ် ။ သင်ခန်းစာတစ်ချို့လည်း ရခဲ့တယ်။ နောက်လည်း ကျွန်မအမျိုးမျိုး​​​သော အရာတွေကို ရင်ဆိုင်ရအုန်းမယ်ဆိုတာ သိပါတယ်။ အဲ့ထဲကမှ ကျွန်မရရှိခဲ့တဲ့ သင်ခန်းစာတချို့ကို ပြောပြချင်ပါတယ် ။

တစ်နေ့ ကျွန်မတို့မိသားစုတွေ ညဘက်ထမင်းထွက်စားခဲ့ကြတယ်။ တကယ်တော့ ကျွန်မတို့မိသားစုက အပြင်မှာ သိပ်ထွက်စားလေ့မရှိပါဘူး။ အဲ့နေ့က အဖေလစာထုပ်ရက်ဖြစ်လို့ အဖေ့ကို ထွက်ကြိုရင်း စားခဲ့ကြတယ်။ ဒီလိုနဲ့ ကျွန်မတို့ ကိုယ်ကြိုက်နှစ်သက်တဲ့ အစားအစာ တွေ မှာစားခဲ့ကြတယ်။

အဲ့မှာ ပြသာနာ စတာပဲ။ အစိမ်း​ကြော်မှာလိုက်တာ အစိမ်းတွေပဲပါလာပါတယ်။ အသားဆိုတာ ရှာမရဘူး ။ ကျွန်မ နည်းနည်းတော့တင်းသွားတယ်။ ဒါပေမယ့် စားနေကျဆိုင်မဟုတ်တော့ ကျွန်မ အဲ့ဆိုင်ရဲ့အထာကို မသိခဲ့ဘူးလေ။ အဲ့ကြောင့် ကျိတ်မှိတ်သည်းခံခဲ့တယ်။ ဒါတင်မက ဟော့ပေါ့ အရည်က အစပ်ပြင်းချက် သီးပါသီးတယ်။

Girl, Face, Unhappy, Sad, Frowning, Upset, Female
Image Credit - pixabay

ဆိုင်ရှင်က ဘာလိုလဲလို့ လာမေးပါတယ်။ သို့သော် ကျွန်မ အားနာနေခဲ့တယ်။ သို့သော် ဟန်မဆောင်တတ်တဲ့ ကျွန်မရဲ့ မျက်နှာမှာ မကြိုက်နှစ်သက်ဘူးဆိုတာ ပေါ် လွင်နေတာတော့ အထင်အရှားဖြစ်နေတယ်လေ။ကျွန်မကို ကျွန်မလည်း သိနေတယ်။ အဲ့ကြောင့် ကျွန်မ ဒီပြသာနာကို ဖြေရှင်းဖို့ နည်းလမ်းတွေကို စဥ်းစားနေခဲ့တယ်။ ရေငုံနှုတ်ပိတ်ခြင်းက နှစ်ယောက် စလုံးအတွက်မကောင်းဘူးဆိုတာ သိနေတဲ့အတွက် အကောင်းဆုံး ဖြေရှင်းနိုင်ရန် ဆုံးဖြတ်ချက် ချလိုက်တယ်။

ဒီလိုနဲ့ ဘေလ်ရှင်းပြီး ကျွန်မတို့ထွက်လာတော့ ကျွန်မရဲ့အခြေအနေကို ရိပ်မိသော ဆိုင်ရှင်က နောက်ကလိုက်လာခဲ့တယ်။ အဆင်ပြေကြရဲ့လားလို့ မေးခဲ့တယ်။ အမေတို့က လူကြီးတွေ ဆိုတော့ အားနာပြီး အဆင်ပြေကြောင်းပြောလိုက်တယ်။ ကျွန်မလည်း အန်တီ့ရဲ့အ​ခြေအနေကို အကဲခတ်​ကာ အနားကပ်ရင်း မေးမြန်းလိုက်တယ်။ အဲ့ဒီအခါမှာ အန်တီကြီး​က အရမ်းအားနာသွားတယ်။ ကျွန်မ ကိုလည်း ဆိုင်ရဲ့အခြေအနေကို ပြန်လည်ရှင်းပြခဲ့တယ်။ဆိုင်က ဝန်ထမ်းအ​ပြောင်းအလဲဖြစ်နေတာကြောင်​့ ယခုလိုဖြစ်ပွားခဲ့ရကြောင်း ပြောပြခဲ့တယ်။

ကျွန်မအစက ကြောက်နေခဲ့တာပါ။ ဆိုင်ရှင်က မိမိထက် အသက်ကြီးသောကြောင့်လည်းကောင်း တခုခုဆို မပြောရဲတဲ့ အခံစိတ်ကြောင့်လည်းကောင်း တွန့်ဆုတ်နေခဲ့ခြင်းဖြစ်တယ်။ သို့သော် ကျွန်မ စိတ်ထဲအတွေးတစ်ခုဝင်လာတယ်။ ကျွန်မသည် မဟုတ်မမှန်သည်ကို လုပ်ကြံပြောခြင်းမဟုတ် အမှန်တရားကို ပြောခြင်းဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်သဖြင့် ပြောဖို့ ဝန်မလေးသင့်ဟု ယူဆကာ ပြောခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ လုပ်ရပ်တွင် အန်တီကြီးက ပြောဖို့အခွင့်အရေးပေးခဲ့သဖြင့် ကျွန်မ ပြောဖို့အခွင့်ရခဲ့လေတယ်။

ထို့ကြောင့် နောင်အခါများတွင်လည်း ကျွန်မအတွက် အမှန်တရားကို ပြောဖို့အတွက် အားအင်များဖြစ်၍ လာချေပြီ။


ဟန်နီမိုး ရေးသားသည် ။



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=209
One of my life experiences : Tell as true! | Ecency