ပြောင်းလဲ လာမှာလား NC (@aggamun)

aggamun(62)
Published in
#battle
Words
192
Reading
1 min
Listen
Play
7y

မြေပုံ အတိုင်းပြောရမယ် ဆိုရင် ကျွန်တော် ရဲ့ Galaxy အနောက်ဘက် ပိုင်း မှာ မရှာရသေးတဲ့ နေရာလွတ် တော်တော်များများ ကို ရှိနေပါသေးတယ်။ မြောက်ဘက် ပိုင်းမှာတော့ အင်အားကြီး တစ်ယောက် က တော်တော် နေရာယူထားပြီးသား ဖြစ်နေပါပြီ။ အင်အားကြီးက တော်ရုံ တန်ရုံ မဟုတ်ပါဘူးဗျ။ Rank 1-10 ထဲက ဖိုက်တာ တွေပါပဲ။

NC ရဲ့ အရှေ့ ဘက်မှာလည်း နေရာလွတ် နည်းနည်းပဲ ရှိတော့ပါတယ်။ လက်လှမ်း မှီသလောက် ပြောတာပါ။ ထိုးဖောက် ထွက်သွားရင်တော့ ရှာဖွေဖို့ အချိန်တော်တော် ကြာကြာ ပေးရဖို့ သာ ရှိပါတယ်။ အရှေ့ တောင်ဘက်မှာက တော့ bro mmunited က မဝေးတဲ့ အနေအထားမှာ ရှိနေပါတယ်။ သူ့မှာက ယာဉ်အစီးရေ ထောင်နဲ့ ချီနေတာကြောင့် အချိန်မရွေး တိုက်ပွဲ အတွက် အဆင်သင့် ဖြစ်နေနိုင်ပါတယ်။

တော်ရုံ ကစားသမား ကတော့ လာမတိုက်ဝံ့ လောက်ပါဘူး။ ဒီတော့ အနောက်ဘက်မှာ အေးအေးဆေးဆေး planet အသစ်တွေ ရှာနေ ပါတယ်။ ခက်တာက နေရာလွတ်နဲ့ planet တွေက တော်တော် ဝေးကွာတာ တောင် အသစ် မတွေ့တာပါပဲ။ အလယ်မှာ နေရာလပ် က တော်တော် ကြီး နေပါပြီ။ အသစ်မတွေ့တော့ အနီးကပ် မရှာနိုင်သေး ဘဲ အချိန်တွေ ကုန်ပါတယ်။

ပြီးခဲ့တဲ့ သုံးရက်ကလည်း planet တစ်လုံးထဲက Explorer လေးလုံး ဆက်တိုက်ကို lost ဖြစ်ကုန်ပါတယ်။ ကံဆိုး နေလားမသိပါဘူးဗျာ။ ကစားဖော်တွေက planet တွေ ၃၀ ၄၀ ဖြစ်ချိန်ထိ ကျွန်တော်က ၂၀ တောင် ပြည့်အောင် မနည်း ကို ရှာနေရပါတယ်ဗျို့။ Rank တောင်မှ ၅၀ အပြင် ရောက်ရှိ လာပြီ ဖြစ်ပါတယ်။ ကိုယ့်အောက်က ကစားသမားတွေ လည်း တစ်လုံး ပြီး တစ်လုံး ရှာတွေ့ရင်း ကျော်တက်သွား ကြပါတယ်။

ဒီလကုန် လို့မှ NC က ထူးထူးခြားခြား မဖြစ်ဘူး ဆိုရင်တော့ Nextcolony ဘာလဲ ဘယ်လဲ ဆိုတာ မေးရတော့မယ် ထင်ပါတယ်။ ဗုတ်ပေးတာလည်း ဘယ်လို ပေးမှန်း မသိပါဘူး။ တခါတခါ အပြည့်၊ တခါတခါ တဝက် နဲ့။ ဗုတ်ကောင်းကောင်း ပေးနိုင်ဖို့ STEEM ၅ သိန်း ရအောင် project တင်ထားတယ်လို့ ကြားမိတာ ဟုတ် မဟုတ်တော့ မသိပါဘူးဗျာ။ ဒီလကုန် အထိတော့ ကစားနေ လိုက်ပါဦးမည်။ ဘာတွေ ပြောင်းလဲလာမလဲ ဆိုတာတော့ ………

Written by aggamun@aggamun



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=14
ပြောင်းလဲ လာမှာလား NC (@aggamun) | Ecency