Max Lvl သို႔ (@aggamun)

Words
397
Reading
2 min
Listen
Play
7y

Planet တွေ ပိုင်ဆိုင် တာ များတော့ လည်း ဟိုဟာ Lvl တင် ဒီဟာ Lvl တင် နဲ့ ခုဆို max Lvl ဖြစ်လာတာတွေ ရှိလို့ လာနေပါပြီ။ Planet လေး နည်းနည်း လောက် ပိုင်ဆိုင်တာ က ဒီလိုတွေ ဖြစ်နိုင်တယ်ဆို planet အများကြီး ပိုင်ဆိုင်သူများ ကိုတော့ မမှန်းဆ ဝံ့တော့ပြီ။ ဒါပေမယ့် max ဖြစ်တာက ဖြစ် တင်နေဆဲ Lvl များက ဆက်လက် တင် နေသလို မတင်ရသေးတာ ကလည်း ရှိနေသေးပါတယ်။


Source

ခုတလောတော့ Planet အသစ် မတွေ့ ဖြစ်တော့တာ ကြာလှပါပြီ။ ကံ မကောင်းတာက ဆက်တိုက် ဖြစ်နေပါတယ်။ ဟိုတခါ ပြောထားတဲ့ gap ဖြစ်နေတဲ့ နေရာက ခုထိကို ကွက်လပ်ပါပဲ။ တွေ့စေချင်တဲ့ နေရာက မတွေ့တော့ အချိန်တွေ ဖြုန်း နေမိသလို ဖြစ်နေပါတယ်။ တခြား နေရာမှာ ရှာရင် တွေ့ချင် တွေ့နိုင်မှာ။ ခုတော့ ဒီလို မဟုတ်ဘဲ မရှိတဲ့ နေရာမှာ ရှာနေ ရသလို ခံစား နေရပါတယ်။ ဒါက Planet အသစ် မတွေ့ သူတိုင်း ထပ်တူ ခံစား ကြရမယ် လို့ ယူဆပါတယ်။

Planet မတွေ့ပေမယ့်လည်း ရှာဖွေ တာကိုတော့ မရပ်တန့် နိုင်ပါဘူး။ တစ်လုံး ရရ နှစ်လုံး ရရ ရသလောက် ထပ်မံ ရှာဖွေ ရယူ ထားမှ ဖြစ်ပါမယ်။ NC က ဘာမှန်း သိတာ မဟုတ်ပါဘူး။ တော်ကြာ reward pool ပွင့်တော့မှ ငိုမနေရ စေဖို့ ခုထဲက ကြိုးစား ထားမှ ဖြစ်ပါမယ်။ ဟိုတလ က ဘာမပြော ညာမပြောနဲ့ destoryed ship ကို ဆုတွေ ထ ပေးပါတယ်။ နောက်လ တွေ လည်း ပေးမယ်ထင်တာ ခုထိ ဘာသံမှ မကြား တော့ပါဘူး။

စတင်း ဈေးက သာ ပြန်လည် ဈေးမာ တဲ့ အနေအထား မရောက်သေးတာ ပါ။ စတီးမစ် အပေါ် မှာတော့ အနည်းငယ် လူစည်ကား လာသလို ပဲ။ ကျွန်တော်တို့ မြန်မာ တွေတော့ မဟုတ်ပါ။ အခြား နိုင်ငံက အသုံးပြုသူတွေ ပါ။ အဓိက မြင်ရတာတော့ အဟောင်း တွေပဲ။ စတင်း တွေ အများကြီး စတင်းပါဝါ တွေ အများကြီးနဲ့ စတီးမစ် သုံးတာ တွေ့ရတော့ မြင်ရတာ အားရှိလာပါတယ်။ ဒါဟာ စတီးမစ် ကြီး ပြန်လည် ဦးမော့ လာမည့် အတိတ် နမိတ် မဟုတ်လား။

Written by aggamun@aggamun

(Zawgyi)

Planet ေတြ ပိုင္ဆိုင္ တာ မ်ားေတာ့ လည္း ဟိုဟာ Lvl တင္ ဒီဟာ Lvl တင္ နဲ႕ ခုဆို max Lvl ျဖစ္လာတာေတြ ရွိလို႔ လာေနပါၿပီ။ Planet ေလး နည္းနည္း ေလာက္ ပိုင္ဆိုင္တာ က ဒီလိုေတြ ျဖစ္နိုင္တယ္ဆို planet အမ်ားႀကီး ပိုင္ဆိုင္သူမ်ား ကိုေတာ့ မမွန္းဆ ဝံ့ေတာ့ၿပီ။ ဒါေပမယ့္ max ျဖစ္တာက ျဖစ္ တင္ေနဆဲ Lvl မ်ားက ဆက္လက္ တင္ ေနသလို မတင္ရေသးတာ ကလည္း ရွိေနေသးပါတယ္။

ခုတေလာေတာ့ Planet အသစ္ မေတြ႕ ျဖစ္ေတာ့တာ ၾကာလွပါၿပီ။ ကံ မေကာင္းတာက ဆက္တိုက္ ျဖစ္ေနပါတယ္။ ဟိုတခါ ေျပာထားတဲ့ gap ျဖစ္ေနတဲ့ ေနရာက ခုထိကို ကြက္လပ္ပါပဲ။ ေတြ႕ေစခ်င္တဲ့ ေနရာက မေတြ႕ေတာ့ အခ်ိန္ေတြ ျဖဳန္း ေနမိသလို ျဖစ္ေနပါတယ္။ တျခား ေနရာမွာ ရွာရင္ ေတြ႕ခ်င္ ေတြ႕နိုင္မွာ။ ခုေတာ့ ဒီလို မဟုတ္ဘဲ မရွိတဲ့ ေနရာမွာ ရွာေန ရသလို ခံစား ေနရပါတယ္။ ဒါက Planet အသစ္ မေတြ႕ သူတိုင္း ထပ္တူ ခံစား ၾကရမယ္ လို႔ ယူဆပါတယ္။

Planet မေတြ႕ေပမယ့္လည္း ရွာေဖြ တာကိုေတာ့ မရပ္တန႔္ နိုင္ပါဘူး။ တစ္လုံး ရရ ႏွစ္လုံး ရရ ရသေလာက္ ထပ္မံ ရွာေဖြ ရယူ ထားမွ ျဖစ္ပါမယ္။ NC က ဘာမွန္း သိတာ မဟုတ္ပါဘူး။ ေတာ္ၾကာ reward pool ပြင့္ေတာ့မွ ငိုမေနရ ေစဖို႔ ခုထဲက ႀကိဳးစား ထားမွ ျဖစ္ပါမယ္။ ဟိုတလ က ဘာမေျပာ ညာမေျပာနဲ႕ destoryed ship ကို ဆုေတြ ထ ေပးပါတယ္။ ေနာက္လ ေတြ လည္း ေပးမယ္ထင္တာ ခုထိ ဘာသံမွ မၾကား ေတာ့ပါဘူး။

စတင္း ေဈးက သာ ျပန္လည္ ေဈးမာ တဲ့ အေနအထား မေရာက္ေသးတာ ပါ။ စတီးမစ္ အေပၚ မွာေတာ့ အနည္းငယ္ လူစည္ကား လာသလို ပဲ။ ကြၽန္ေတာ္တို႔ ျမန္မာ ေတြေတာ့ မဟုတ္ပါ။ အျခား နိုင္ငံက အသုံးျပဳသူေတြ ပါ။ အဓိက ျမင္ရတာေတာ့ အေဟာင္း ေတြပဲ။ စတင္း ေတြ အမ်ားႀကီး စတင္းပါဝါ ေတြ အမ်ားႀကီးနဲ႕ စတီးမစ္ သုံးတာ ေတြ႕ရေတာ့ ျမင္ရတာ အားရွိလာပါတယ္။ ဒါဟာ စတီးမစ္ ႀကီး ျပန္လည္ ဦးေမာ့ လာမည့္ အတိတ္ နမိတ္ မဟုတ္လား။

Written by aggamun@aggamun



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=85
Max Lvl သို႔ (@aggamun) | Ecency