DW မှာ လှိမ့်ခံ (@aggamun)

aggamun(62)
Published in
#yanmar
Words
103
Reading
1 min
7y
Listen to this post
~1 min

mv0v1boi6b.jpg

DW ကို Vote မရဘဲ ကစားကြသူများ ရှိသေးလားဗျာ။ ကျွန်တော်ကတော့ Future Token လေးတွေ လိုချင်လို့ Vote မရဘဲလည်း ဆက်ကစားနေပါတယ်။ Future Token က အခုလောလောဆယ် ဘယ်လောက်မှ တန်ဖိုးမရပါဘူး။ ဒါပေမဲ့ စုချင်တဲ့ ဝါသနာကြောင့်သာ စုနေတာပါ။

DW မှာ ကျွန်တော်က ဆေးဝါးတွေလည်း မရှာဘူး၊ တိုက်ခိုက်မှု တွေလည်း မလုပ်ဘူး။ Miner တွေက ထွက်သမျှ RSS တွေကို စစ်သားတွေထုတ် Building တွေတင် အဲဒါတွေပဲ လုပ်ပါတယ်။ ကျန်တဲ့ ဆေးဝါး ကိုတော့ စုကြေးထဲ ထည့်ပစ်လိုက် ပါတယ်။

အဲဒါ ကြောင့် မို့လို့ အခုဆို ကျွန်တော် acc ဟာ Target ထား တိုက်ခိုက်ဖို့ စာရင်းဝင်သွား ခဲ့ပါတယ်။ ကျွန်တော် လစ်တာနဲ့ ဝင်ဝင် တွယ်သွား ပါတယ်။ ဝင်ဝင် သမ သွားကြပါတယ်။ တစ်ခါတစ်ခါ ပါသွားရင် 200k, 300k အဲ့ဒီလောက် ပါသွားပါတယ်။ စစ်သားတွေကလည်း ဘယ်လောက်ထုတ်ထုတ် သမင်မွေးရင်း ကျားစားရင်း ဖြစ်နေပါတယ်။

DW ဂိမ်းအစက ရသမျှ RSS တွေကို စစ်သားမထုတ်ဘဲ အဆောက်အအုံ တင်လိုက်၊ ဆုကြေးထဲ ထည့်ပြီး Steem တွေထုတ်လိုက် လုပ်ခဲ့တဲ့ အကျိုးဆက် ဖြစ်ပါတယ်။ အခုတော့ လှိမ့်ခံရုံ မှတစ်ပါး အခြား မရှိတော့ပြီ။

Written by aggamun@aggamun

DW မှာ လှိမ့်ခံ (@aggamun) | Ecency