သူရဲကောင်း လိုအပ်ချိန် (@aggamun)

aggamun(62)
Published in
#blog
Words
170
Reading
1 min
Listen
Play
7y

စတီးမစ် ကြီးကသာ လှုပ်လီ လှုပ်လဲ့ လုပ်နေသလို ဖြစ်နေတာ သူ့ blockchain သုံးတဲ့ dapp များကတော့ နည်းတာ မဟုတ် ထွက် ထွက်လာ တာက။ မူလ စတီးမစ် layer မှာ အလုပ်လုပ်သူ တောင် ရှိပါ့မလား။ witness များကတော့ လုပ်ချင် လုပ်မှာပေါ့။ သူတို့မှာ သူတို့ ဦးတည်ချက်နဲ့ သူတို့ ရှိနေတာ ကိုးဗျ။

ကျွန်တော်တို့လို သာမန် user တွေကတော့ စတီးမစ်ရဲ့ မူလ layer အပေါ်မှာသာ အလုပ်လုပ်နေရင် ထူးထူးခြားခြား ဖြစ်လာဖို့ တော်ရုံ skill နဲ့တော့ မရလောက်ပါဘူး။ အထူး သဖြင့် ကျွန်တော်တို့လို မီယန်မာ တွေပေါ့ဗျာ။ အားလုံး လိုလို အခက်အခဲ ကိုယ်စီ ကျောပိုးရင်း မျှဝေခြင်း ကို လက်စွဲကာ လိုချင်တဲ့ ပန်းတိုင်ဆီသို့ အားတင်းရင်း ရှေ့ဆက်နေကြ သူများ မဟုတ်ပါလား။

စိတ်ပျက် ဖွယ်ရာ ဒုက္ခ ဓားသွားပေါ်က စတင်း လေးသာ ဈေးတက်ခဲ့ရင် ဆိုတဲ့ ပျားရည် စက်တွေကို လျက်ယူ နေကြရ တာပါ။ ခုထိ စတင်းဈေး ထိုးထား တဲ့ back gear က မပြောင်းသေး ပါဘူး။ စတီးမစ် ပေါ်က ဆရာ သမားတွေလည်း စိတ်လျော့နေကြ ပါပြီ။

hf 21 ရဲ့ ကြေညာသံ နောက်မှာတော့ စတင်းဈေးက သာခွေယိုင် ခဲ့ပါပြီ။ မျှော်လင့်စရာ project များ plan များ လည်း မမြင်မိသေးပါ။ hf 21 ကောင်းသည် ဖြစ်စေ မကောင်းသည် ဖြစ်စေ လောလောဆယ် တော့ မကောင်းတာ တွေ ပဲ ဖြစ်နေပါတယ်။ စတင်းဈေးက စိုးရိမ်စရာ ကောင်းအောင် ကျတယ်။ အင်အား ကြီးသူ အချို့ ပါဝါ down ကုန်တယ်။ အဆိုးဆုံးက platform အပေါ် ယုံကြည်မှု ကျဆင်းတာပဲ ဖြစ်ပါတယ်။

ပုံပြင်ထဲမှာတော့ဒီလို အချိန်မှာ သူရဲကောင်း တွေ ပေါ်လာတတ်တဲ့ အချိန်ပါပဲ။ ဘောလုံး စကားနဲ့ ပြောမယ်ဆို ပွဲ အဖြေကို ပြောင်းလဲပေးနိုင်တဲ့ သူပေါ့။ ကဲ အဲဒီ သူရဲကောင်းက ပေါ်လာနိုင် သလား။ မပေါ် လာနိုင်ဘူးလား ဆိုတာတော့ ……

Written by aggamun@aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=25
သူရဲကောင်း လိုအပ်ချိန် (@aggamun) | Ecency