ဒီနေ့ တော့ ပျင်းပျင်း ရှိသည်နှင့် magic dice ကို သွား ကလိ နေလိုက်တာပေါ့ဗျာ။ လောင်းကစားနဲ့ သတ်ပြီး ကျွန်တော့ ကံဇာတာကို ပြောရမယ် ဆိုရင်တော့ လုံးဝ အကျိုးမပေးတဲ့ ဇာတာ လို့ပြောရပါမယ်။ ဒါမှမဟုတ် လောင်းကစားဟာ ပညာရပ် တစ်ခု ဆိုလျှင်လည်း ကျွန်တော့ အတွက် ဘယ်လို သင်သင် တတ်မြောက်မှာ မဟုတ်ပါဘူး။ ဆရာက လက်မြှောက်ရပေ လိမ့်မည်။
ငယ်ငယ်က ဆို ခေါင်းနဲ့ ပန်း နှစ်ခုပဲရှိတဲ့ အကြွေစေ့တောင် ခေါင်းမှန်းရင် ပန်းကျ၊ ပန်းမှန်းရင် ခေါင်းကျ။ ကဲ တော်ချက် က လန်ထွက်နေတာပဲနော်။ ကျွန်တော်ထင်တယ် ခေါင်းနဲ့ ပန်း တစ်ခုခုပဲကွာလို့ မှန်းလိုက်ရင် ဒီအကြွေစေ့ ထောင်နေမလားပဲဗျ။ နောက်တော့ ဘယ်ရမလဲ ခေါင်းကျမယ်ထင်ရင် ပန်း ထိုးလိုက်တယ်။ ပန်းကျမယ် ထင် ခေါင်း ထိုးတယ်။ ဒီတော့မှ အဆင်ပြေပါလေရောဗျ။
ဒါကတော့ ဒီနေ့ magic dice ကနေ နည်းနည်း လောက် သွားယူထားလိုက်တာပါ။ အစ ကတော့ 0.1 STEEM နဲ့ under 50 ကို လောင်းနေတာပါပဲ။ အရင်က ဆို အနိုင်များတော့ အေးဆေး ကစားတောင် 1 STEEM ကုန်အောင် အကြာကြီး ကစားရပါတယ်ဗျာ။ ဒီနေ့ တော့ ဘာဖြစ်နေတာလဲ မသိဘူး။ under 51 တောင် နှစ်လှည့် တစ်လှည့် မသေချာဘူး ဖြစ်နေတယ်။
အဲဒါနဲ့ တင်းလာလို့ under 80 ဆိုပြီး တင် ဝုန်းလိုက်တော့တာပေါ့။ တော်သေးတယ် နိုင်သွားလို့။ ရှုံးသွားခဲ့ရင် သေပြီ ဆရာပဲ။ under 80 ဆိုပေမဲ့ နိုင်ခြေက 50 - 50 ပဲ လို့ မှတ်ထားတာလေ။ ဘာပြောပြော ကံကြမ္မာက သူ့လက်ထဲမှာလေ။ ဘယ်လောက်ပဲ probably fair ဖြစ်ပါတယ် ပြောထား ပြောထား house edge ဆိုတာက ရှိသေးတယ်။
ကိုယ့်ဇာတာကလည်း လောင်းကစားဆို ကံက ညံ့ဖျင်းနေတာပဲ။ ဒါကြောင့် အနိုင်ရနေတုန်းမှာပဲ နားပလိုက်တော့မယ် ဆိုပြီး နားလိုက်တော့တယ်ဗျာ။
So many thanks for reading and visiting my blog.
Have a good day to all steemians!