လုံးဝ မလျော့ပါ (@aggamun)

aggamun(62)
Published in
#blog
Words
198
Reading
1 min
7y
Listen to this post
~1 min


Source

မနေ့က စာ ဟုတ်တိပတ်တိ မရေးလိုက်ရလို့ ဗုတ်လည်း ရသင့်သလောက် မရခဲ့ပါ။ ပင်မ စတင်းပရက်ရဲ့ ဗုတ် တန်ဖိုး က အနည်းငယ် နည်းပါး နေတာကြောင့် တူတူ တန်တန် ပိုစ့်လေး တစ်ခု ထွက်လာဖို့ကို NC နဲ့ မဖြစ် မနေ ချိတ်ဆက် နေရပါတယ်။ အရင်ကဆို မ်ွန်းစတား ဂိမ်းမှ ဗုတ်ရယ် မင်နောင်း က ပေးတဲ့ ဗုတ် ရယ် ပေါင်းရင် အိုကေမှ စိုပြေတဲ့ ပိုစ့်တွေ ဖြစ်ခဲ့ဖူး ပါတယ်။ အဲဒီ တုန်းက NC တောင် မရှိသေးပါဘူး။ တစ်နေ့ သုံး ပို့စ်လောက် ရေးပစ် လိုက်ပါတယ်။

ခွဲရေးတယ် ဆိုတာက လည်း ပေးသမျှဗုတ် တွေက ပိုစ့် တစ်ခုထဲ စုစည်း ထားလို့ မရလို့ပါ။ Dapps တွေ တစ်ခုနဲ့ တစ်ခု က မတူဘူးလေ။ အီးစတင်း က ဗုန် လိုချင်ရင် အီးစတင် ကိုသုံးမှ ရမှာပါ။ စတင်းပရက်ဆီက ဗုတ် လ်ိုချင်ရင်တော့ စတင်းပရက် ကနေ ရေးမှ အဆင်ပြေနိုင်ပါတယ်။ ဒီ နှစ်ခုဆီက ဗုတ်လိုချင်ရင် ပိုစ့် နှစ်ခု ရေးမှသာ ရနိုင်ပါတယ်။ တချို့ နေ့တွေဆို အရင်က ပြိုင်ပွဲ တွေ လည်း လုပ်ပေးပါတယ်။ စတင်း အနည်းငယ် ကိုလည်း ဆုကြေး အဖြစ် အပတ်စဉ် တိုင်းလိုလို ခွဲပေး ဖူးပါတယ်။ ဒါကြောင့် ပို့စ်တွေက သုံး ပိုစ့်လောက် နေ့စဉ် ဖန်တီး နိုင်ပါတယ်။

ခုတော့ အဲဒီ တုန်းကလို ဗုတ် အပေးကြမ်းတဲ့ အရာတွေ နည်းပါး လာခြင်း နဲ့ အတူ ပိုစ့်တွေကို လည်း စုရေးလိုက်တာကြောင့် အရလည်း နည်း ရေးချင်စိတ် လေးလည်း နည်း နေတာပါပဲ။ ဒီနေ့ ခေါင်းကိုက်တာ အနည်းငယ် သက်သာ လာပေမယ့်လည်း ရေးရမယ့် အကြောင်းအရာ အတွက် အစ ရှာမရ ဖြစ်နေလို့ အရမ်း နောက်ကျ နေမှ ပိုစ့်တင်ဖြစ် နေပါတော့တယ်။

Yamato က စ မယ်ဆိုတာနဲ့ အားလုံးက battleship တွေ အတွက် အပြိုင်အဆိုင် အားထုတ်နေကြပါပြီ။ ကျွန်တော်လည်း အပြိုင် အဆိုင် ကြိုးစားပြီး ထုတ်နေပေမယ့်လည်း ခုထိတော့ ၂၀၀၀ ပတ်ဝန်းကျင် မှာသာ ရှိခဲ့ပါတယ်။ Yamato စ ရင်တော့ ၃၀၀၀ ကျော်လောက်မယ် ထင်ပါတယ်။ ဘာဖြစ်ဖြစ် ခုထိတော့ Legendary planet ရဲ့ ပိုင်ရှင် ဟာ ကိုယ်ပါ ပဲ။ ဒါတော့ လုံးဝ မလျော့ ရေးချ မလျော့ ပါခင်ဗျ။

Written by aggamun@aggamun



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=178
လုံးဝ မလျော့ပါ (@aggamun) | Ecency