ပြောင်းလဲမှု တွေ (@aggamun)

Words
223
Reading
1 min
Listen
Play
7y


photo by my screenshot

အရင်ကဆို Post တွေ တင်တဲ့အခါ မျှော်မှန်းနိုင် တာက 7 ရက် ပြည့်ရင် ရရှိလာမယ့် SBD နဲ့ SP ဒါမှမဟုတ် STEEM တွေသာ ရှိပါတယ်။ အရင် အချိန်ကတော့ Steem တွေ ဈေးကောင်းကောင်း ရနေချိန်မို့ သိပ်မသိသာ လှပေမယ့် ယခု အခါမှာတော့ ထိုအရာများ တစ်ခုတည်းနှင့် မျှော်မှန်းက စာရေးနေ၍ မရတော့ချေ။ ယခုအခါ ဒီ SBD နဲ့ STEEM အပေါ်တွင် လုံးလုံးလျားလျား မှီခို အားကိုး၍ အလုပ်လုပ်ကိုင် နိုင်သော အချိန် အခါ မဟုတ်ပေ။ ယခင်က STEEM သည် Avengers သူရဲကောင်း အုပ်ထဲမှာ မည်သည့် အကောင်နှင့်မဆို တိုက်ခိုက် အနိုင်ယူဖို့ စွမ်းအားအပြည့် ရှိသော်လည်း အခုအခါ တွင်မူ Steem သည် သွေးစုပ်ထား ခံရသော လူနာကဲ့သို့ ရှိနေသဖြင့် အားကိုးရန် မသင့်တော်လှပေ။

ထို့ကြောင့် ဘုရားလည်းဖူး လိပ်ဥလည်းတူး ဆိုသလို Steem Platform ပေါ်မှာ ရှိတဲ့ တစ်ခြားသော လုပ်နိုင်ကိုင်နိုင် သည့်အရာများ ကို လုပ်နိုင်စွမ်း ရှိသလောက် လုပ်ထားရမည့် အနေအထား ဖြစ်ပါသည်။ ဤသို့ ပြောရသည်မှာ အနည်းငယ် နောက်ကျကောင်း နောက်ကျ နေနိုင်ပေမဲ့လည်း အခုအချိန်သည် စတင်လှုပ်ရှားဖို့ အကောင်းဆုံးသော ချိန်ဖြစ်ကြောင်းကို အသစ်ထွက် ရှိလာသော Layer များ Token များ Game များက အချက်ပြ လို့ နေပါပြီ။

Token များ Airdrop များ ချပေးခြင်းနှင့် အတူ နောက်ပိုင်း ထွက်ပေါ်လာသော Layer အသစ်များသည် အရေအတွက် အားဖြင့် များနိုင်သော်လည်း မိမိယုံကြည်ရာ အားသန်ရာ Layer တစ်ခုခုကို အသုံးပြု ခြင်းဖြင့် ရေရှည်မှာ အကျိုးတစ်စုံတစ်ရာ ရနိုင်ခြေ ရှိပါသည်။ ထို့အတွက် ရရှိလာတဲ့ Airdrop ကို လွယ်လွယ် မရောင်းဖြစ်ဘဲ ပြန်လည် အသုံးချဖို့ (Stake လုပ်ဖို့ ) လိုအပ်ပါတယ်။ (ကျွန်တော်ကတော့ အခုလို Idea မရသေး တဲ့အတွက် လွယ်လွယ် ရောင်းခဲ့မိပါတယ် အဲ့ဒီအတွက်လည်း နောက်ဆက်တွဲ ရနိုင်ချေ ရှိတဲ့ Token တွေ မရ ခဲ့ပါ )

နောက်တစ်ခု ကတော့ Token နဲ့ သက်ဆိုင်တဲ့ Tag လေးတွေ မှန်ကန်စွာ အသုံးချတတ်ဖို့ ပဲဖြစ်ပါတယ်။ မှန်ကန်စွာ အသုံးချ မယ်ဆိုရင်တော့ ကျွန်တော် ပုံမှာ ပြထားသည့် အတိုင်း တစ်နေ့ကို နည်းနည်း နည်းနည်းနဲ့ Token တွေ ရလာမှာ ဖြစ်ပါတယ်။ ရလာတဲ့ Token တွေကို Steem Engine ရဲ့ Rewards မှာ သွားရောက် Claim ယူရမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် Posting Key တော့ လိုပါလိမ့်မည်။ ရေအိုးတောင်မှ တစ်စက်တစ်စက် နှင့် ပြည့်သေးတာ ပါဗျာ။ ကျွန်တော်တို့ရဲ့ Steem အိုးကြီး ပြည့်ဖို့ရာလည်း တစ်စက်တစ်စက် ဖြည့်ကြစို့ရဲ့။

Written by aggamun@aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=72
ပြောင်းလဲမှု တွေ (@aggamun) | Ecency