အုပ်စု ခွဲရပြီ (@aggamun)

Words
185
Reading
1 min
7y
Listen to this post
~1 min

မနေ့ညက ခေါင်းတွေ ကိုက်ပြီး အလုပ်တွေ မပြီးပြတ်ဘဲ အိပ်ယာ စောစောဝင်ခဲ့ပါတယ်။ မနက်ရောက်တော့ ခေါင်းတွေ အုံခဲပြီး မထနိုင် ဖြစ်ခဲ့ရပေမယ့် တစ်နေ့ တစ်ပုဒ်တော့ မဖြစ်ဖြစ်အောင် ရေးဖို့ ဆုံးဖြတ်ထားလို့ ဖြစ်ညှစ်ပြီး ရေးလိုက်ပါဦးမည်။ စတင်း ရရှိရာ လမ်းကြောင်း က လက်ရှိတော့ စာရေး ပိုစ့်တင်တာပဲ ရှိနေပါတယ်။ အရင်လက လည်း စတင်း ၅၁ ပါဝါ ၅၁ လက်တွေ့ ရထားတော့ လက်မလွှတ်ချင်တာ ကြောင့် ပေါက်ရလေးဆယ် ပဲဖြစ်ဖြစ် ရေးတင် လိုက်ချင်မိပါတယ်။

နောက်ဆုံးမှာတော့ Mission Control ကို Lvl.20 အထိ တင်နိုင်ခဲ့ပါပြီ။ တိုက်တိုက် ဆိုင်ဆိုင် ပါပဲ Dreadnought ကြီးလည်း တစ်ချိန်တည်း လယ်ဗယ် တူ ဖြစ်နေမိတာပါပဲ။ skills နဲ့ ပတ်သတ် လာရင် attacking အပိုင်း ကို ဂရုပြု လုပ်ဆောင် ဖို့ အချိန်ကျ လာပြီ ဖြစ်ပါတယ်။ အရင်လိုတော့ support လုပ်ပေးနိုင်တဲ့ planet များများ စားစား မရနိုင်တော့ တာက အားနည်းချက် ဖြစ်နေမလား။ ခုချိန်မှာ ယာဉ် တွေ တရဟော ထုတ်နေတော့ RSS တွေ မပိုတာ များနေပါတယ်။

ပိုင်ဆိုင်ထားတဲ့ planet တွေကို အုပ်စု ၃ ခုခွဲ ထားလိုက်ပါတယ်။ စစ်ရေယာဉ် အပြိုင်အဆိုင် ထုတ်ဖို့ အုပ်စု ၊ planet ရှာဖို့ရာ အုပ်စုနဲ့ RSS ထောက်ပံ့ရေး အုပ်စု ဆိုပြီး ခွဲထားပါတယ်။ ယာဉ် ထုတ်တဲ့ အုပ်စုက မူလ ကိုယ်ပ်ုင် planet ကြီးရဲ့ အနီးအနားက ပါ။ planet ရှာတဲ့ အုပ်စုက တော့ ကျွန်တော်နဲ့ သိပ်မဝေးလှတဲ့ နေရာမှာ တည်ရှိပါတယ်။ ရှာစရာ အကွက်တွေ အများကြီး ရှိတဲ့ နေရာပါ။ ရှာသလောက်လည်း တွေ့ ပါတယ်။ ရှာစရာ မရှိတော့ရင် ယာဉ်ထုတ်ပြီး ကျွန်တော့ အတွက် ဒုတိယ အိမ်ကွင်း အဖြစ် အသုံးချမှာပါ။

နောက်ဆုံး RSS အုပ်စုကတော့ ဘာမှ အကူအညီ မရနိုင်လို့ miner တွေ ပဲ တင်ထားပြီး လယ်ဗယ် တင်တဲ့ အချိန်မှာပဲ သုံးလို့ရပါတော့ မယ်။ တင်စရာ မရှိတော့ရင် တော့ ဒီအုပ်စု က planet တွေကို ရောင်းပစ် လ်ိုက်ပါ တော့မယ်။ လောလော ဆယ်တော့ ခေါင်းကိုက်အောင် ကစား နေရ ပါတယ်။

Written by aggamun@aggamun


Source

Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=172
အုပ်စု ခွဲရပြီ (@aggamun) | Ecency