လွှတ်ချ တော့မလား။ (@aggamun)

aggamun(62)
Published in
#blog
Words
144
Reading
1 min
Listen
Play
7y

မန့က ထက်စာရင် BTC ဈေးနှုန်းဟာ $1700ကျာ် ကျဆင်းသွားခဲ့ ပါတယ်။ အဲ့ဒါကတော့ ဈေးကွက်အတွင်းမှာ BTC တွေကို ရုတ်တရက် ရောင်းထုတ်လိုက်တာ ပဲဖြစ်ပါတယ်။ ထို့ကြာင့် ရှေ့ရက်ဆက်တိုင် အထောင်ဈေးကွက် အဖြစ် အစိမ်းရောင် လွှမ်းခဲ့တဲ့ နေ့ရက်တွေ ပျက်သုဉ်းခဲ့ ပြီပဲဖြစ်ပါတယ်။ စာရင်းဇယား များအရ 24Hr အတွင်း BTC ဈေးနှုန်းဟာ 14% ကျော် ကျရောက်သည်အထိ သက်ရောက်မှု ရှိလိမ့်မယ်။

ဈေးကွက် ပမာဏ အနေနဲ့ နောက်ဆုံး 24Hr မှာ $46.1B ဆုံးရှုံးမှု ဖြစ်ပေါ်လာပါသည်။ ဒါပေမဲ့ ဒါဟာ BTC တစ်ခုတည်း မဟုတ်ပဲနဲ့ Crypto အားလုံးရဲ့ ဈေးကွက်ပမာဏ ဖြစ်ပါတယ်။ 2019 May17 နောက်ပိုင်း တစ်ရက်တည်းနဲ့ ဈေးကွက်ရဲ့ တန်ဖိုးဟာ အများဆုံး ကျဆင်းမှု ဖြစ်ပါတယ်။ အခြား တစ်ဖက်မှာလည်း altcoin တွေက BTC နဲ့ ဆန့်ကျင်စွာ ဈေးကွက် တက်လာလိမ့် မယ်လို့ ခန့်မှန်း ရပါတယ်။

ဘာသာ ပြန်တာကတော့ ဒီနား လောက်အထိပါပဲ။ အခု ဆက်လက်ပြီး ကျွန်တော့် ထင်မြင်ချက်ကို တင်ပြပါတော့မယ်။ BTC တွေ ဈေးကျသွား တာဟာ ဝယ်ရောင်းသမား တွေအတွက် ဟိုးတစ်နှစ်ကလို ဖြစ်မှာ စိုးရိမ်နေကြတာနဲ့ တူပါတယ်။ ဒါကြောင့် မို့လို့ မြန်မြန်ရောင်းပြီး မြန်မြန်ငွေ ဖော်နေကြတာလို့ ယူဆပါတယ်။ ဒါကြောင့် မို့လို့ ဈေးက ကြောက်စရာကောင်းအောင် ကျဆင်းသွားတာ ဖြစ်ပါလိမ့်မယ်။

ကျွန်တော် တစ်ဦးတည်း ယူဆတာကတော့ ရေရှည်သမား တွေအတွက် အခု အချိန်က ဆုံးဖြတ်ရ အခက်အခဲဆုံး အချိန် ဖြစ်သွားပါလိမ့်မယ်။ ဆက်လက် ကိုင်ထား သင့်လား မကိုင်ထား သင့်လား ဝေခွဲရ ခက်သွားလိမ့်မယ် လို့ ထင်ပါတယ်။ ကျွန်တော်သာ ဆိုလည်း ဘာလုပ်ရမယ်မှန်း မသိတော့ပါဘူး။ မိတ်ဆွေဆို ရင်ရော ကိုင်ထားမလား ရောင်းချမလား တစ်ခုခု ပြောကြည့်ပါအုံးဗျာ။

written by aggamun@aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=317
လွှတ်ချ တော့မလား။ (@aggamun) | Ecency