Age is just a number !

Words
124
Reading
1 min
Listen
Play
7y

"Your dream is your signature".ဒီစကားလုံးလေးကို india movieကြည့်တဲ့သူဆို သိနေမှာပါ။အထူးသဖြင့် india ပညာပေးဇာတ်လမ်းလေးတွေ ကြည့်သူဆို ပိုသိမှာပါ။ ဂီသာရာနီ ကျောင်းဆရာမ အဖြစ် နာမည်ကျော်ခဲ့တဲ့ မင်းသမီးသရုပ်ဆောင်တဲ့ကားထဲက တစ်ကားပါ။ movie nameကတော့ 'How old are you?" တဲ့။မင်းအသက် ဘယ်လောက်လဲပေါ့။

Children, Hand, Creasy, Open, Wrinkles
Image Credit - pixabay

ဒီဇာတ်လမ်းမှာ မင်းသမီးဟာ အိမ်ထောင်ကျပြီးတဲ့ နောက်မှာ ခင်ပွန်းနဲ့သမီးကို အချိန်ပေးရင် သူ့မှာရှိတဲ့ စွမ်းအင်တွေက ငုပ်လျှိူးသွားခဲ့ပါတယ်။ မိသားစုကိုလည်း အချိန်ပေးရင်း သူ့ရဲ့အလုပ်ကိုလည်း လုပ်ရင်းနဲ့ပဲ ခေတ်နဲ့ဝေးထက်သမျှ ဝေးလာပါတယ်။ ဒီတော့ သမီးနဲ့ခင်ပွန်းပြောတဲ့ စကားတွေဟာ သူ့အတွက်အထူးအဆန်းဖြစ်နေသလို သူ့မိသားစုအနေနဲ့ဆို သူမဟာ ဘာမှမသိတဲ့ နလပိန်းတုံး ဖြစ်နေခဲ့ပါတယ်။ ကြာလာတော့ ခင်ပွန်းဆီကနေ အထင်အမြင်သေးမှုနဲ့ သမီးဆီက ယုံကြည်မှုက ပျောက်ဆုံးလာပါတယ်။သူကတော့ သူ့အချိန်တွေနဲ့အတူ သူ့အသက်ကိုပါ မိသားစုပေါ်ပုံထားသူပါ။

ဒါပေမယ့် သူရဲ့အခြအနေကို သူ့ရဲ့ကျောင်းတုန်းက သူငယ်ချင်းက ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ "Your dream is your signature."ဆိုတဲ့ စကားနဲ့အတူ သူငယ်ချင်းကသူ့ရဲ့ ပျောက်ဆုံးနေတဲ့ စိတ်တွေကို နှိုးဆွခဲ့ပါတယ်။ နောက်ဆုံး သူအောင်မြင်လာချိန်မှာ သူ့အသက်က "Age is a just number."ဖြစ်လာပါတယ်။အရင်တုန်းက" How old are you?"လို့ မေးမှာ ကြောက်နေတဲ့ သူ့ရဲ့ဘဝက ပြောင်းပြန်ဖြစ်သွားပါပြီ။

ကျွန်မတို့နိုင်ငံမှာသာ အဲ့လိုသာမေးလိုက်ရင် ပြေးလမ်းသာရှာထားပေတော့။ အသက်မေးတာ စိတ်ဆိုးစရာလားလို့ တွေးစရာရှိပေမယ့် ကိုယ့်ကိုယ်ကိုအသက်မကြီးချင်သူတွေကတော့ စိတ်ဆိုးမှာပေါ့နော်။အဲ့လိုလူတွေကို ကျွန်မတစ်ခုလောက်မေးချင်ပါတယ်။ အသက်ကြီးတာက စိတ်ဆိုးစရာဖြစ်နေလို့လား။ တကယ်တော့ အသက်ကြီးတာ ရှက်စရာလည်း မဟုတ်သလို စိတ်ဆိုးစရာလည်း မဟုတ်ပါဘူး။ကိုယ့်မှာရှိတဲ့ လုပ်နိုင်စွမ်းနဲ့ လောကကြီးကို အလှဆင်နေသရွေ့ သင်အသက်မကြီးသေးပါဘူး။

နှင်းအိခိုင် ရေးသားသည်



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=220
Age is just a number ! | Ecency