အကျင့် (@aggamun)

aggamun(62)
Published in
#msu
Words
212
Reading
1 min
Listen
Play
8y

ဖြစ်ရပ် ၁

  • '' သားရေ ဟိုမှာ အလှူခံတဲ့သူတွေ လာရင် အိမ်မှာ လူကြီးတွေ မရှိဘူး လို့ပြောလိုက်နော် မေမေ အိပ်ခန်းထဲမှာ ရှိမယ် ''
    '' ဗျာ…… ''
    '' ဗျာ မနေနဲ့ ခိုင်းတာသာ လုပ် ကြားတယ်နော် ''

  • ခဏအကြာ
    '' သွားကြပြီ မေမေ ရေ ဘယ်သူမှ မရှိတော့ဘူး အိပ်ခန်းထဲက ထွက်လာလို့ ရပြီ ''
    '' အေး အေး ''

xxxxxxxx

ဖြစ်ရပ် ၂

  • '' သား ဖေဖေတို့ အပြင်သွားလိုက်ဦးမယ်။ ဖေဖေ့ အလုပ်က ဖုန်းလာရင် ဖေဖေ ဒီနေ့ နေမကောင်းလို့ မလာတော့ဘူးလို့ ပြောလိုက် ကြားလား ''
    '' ဗျာ ''
    '' ဟာ ဒီကောင် ဒါလေး ပြောရတာကို မလုပ်တတ် မကိုင်တတ် ပုံစံ လာလုပ်နေတယ်။ အူတူတူ အ တတ နဲ့ သွားတော့။ ''
    '' ဟုတ် ''

xxxxxxxx

ဖြစ်ရပ် ၃

  • '' ဖြန်း ဖြန်း ဖြန်း ''
    '' အဲဒါ မှတ်ထား လူကြီးကို လာမလိမ်နဲ့ ကွ။ ပန်းအိုးကွဲ တာ မင်းကြောင့်ဆိုတာ ငါသိပြီးပြီ။ နောက်တစ်ခါဆို ဒီထက်နာမယ်။ ရော့ ကြိမ်လုံး သွားသိမ်း။ သွား ……… ။ အမေကြီး ရေ မင်း သားကို ကြည့်ပြောထားဦး။ အတတ် ကောင်းတွေ တတ်နေတယ်။ အသက်ကဖြင့် ဘယ်လောက်မှ မရှိသေးဘူး ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် လိမ်တတ်နေရင် အသက်ကြီး လာရင် ဘယ်လောက် လိမ်နေမလဲ မသိဘူး။ ခုထဲက နောင်ကြဉ်အောင် သမ ထားရမယ်။ ''

  • '' ဟုတ်ပ တော်။ ဟဲ့ ပြောစမ်း နင့်ကို လိမ်တတ်အောင် ဘယ်သူ သင်ပေးတာလဲ။ ပြောလေ ………… ''

xxxxxxx

အကြင် အမိသည် သားငယ်ကို ပညာသင်မပေး။ အတတ်ပညာ မသင်ပေးသော အမိသည် ရန်သူမည်၏။ အကြင် အဖသည်လည်း အတတ်ပညာ သင်၍မပေး။ အတတ်ပညာ သင်မပေးသော အဖသည် ရန်သူမည်၏။

( လောကနီတိ )

The mother who does not educate her som is his enemy. The father who does not educate his son is his enemy.

(LAWKANITI)

ref: တက်တိုး ( လောကနီတိ )


Give my love to you all ,Steemians. 😍 😍 😍
written by : aggamun@aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

အကျင့် (@aggamun) | Ecency