သူငယ်ချင်းတွေ အကြောင်း အပိုင်း ၃၀

agagko(37)
Published in
#wafrica
Words
77
Reading
1 min
Listen
Play
8y

images(3).jpg

ရုံးမှာက ကျနော်နဲ့ ဦးစိန်မောင် ပဲ နေ့စားဝန်ထမ်းရှိတယ်။
ဦးစိန်မောင်က လူသိများတယ်၊ ပြသနာမရှိဘူး။
ဘယ်ရုံးလုပ်လုပ်ရတယ်။
ဦးသန်းဖေကလဲ အမြဲတမ်းဝန်ထမ်း ဆိုတော့ ပြသနာမရှိဘူး။
ကျနော်တစ်ယောက်ထဲ ပြသနာဖြစ်နေတယ်။
ရုံးအုပ်ဦးမျိုးချစ်ကတော့ ကျနော့်ကို မြေပုံဆွဲစာရေး ခန့်ပေးတယ်။
ခက်တာက လေဘာရုံးမှာ ပုံစံ ၇ မရင်ရင် အမြဲတမ်းဝန်ထမ်း မဖြစ်ဘူး။
လေဘာရုံးမှာလဲ ပုံစံ ၇ ပိတ်ထားတယ်။
ပုံစံ ၇ မရရင် ညွှန်မှူးလဲ မတတ်ဘူး။
ဦးစံပေါကပြောတယ်၊ တောင်ငူလေဘာရုံးမှာ သူ့အသိရှိတယ်။
ဘက်ဒိတ်နဲ့ လုပ်ဖို့ပြောတယ်။
တောင်ငူစိုက်ခင်းရုံးမှာ အလုပ်အဝင်ခန့်စာလုပ်။
တောင်ငူလေဘာရုံးမှာ ပုံစံ ၇ လုပ်။
ပြီးတော့မှ အမြဲတမ်းဝန်ထမ်းအဖြစ် ရန်ကုန်စိုက်ခင်းရုံးကို အပြောင်းပြ။
ဒါဆို အဆင်ပြေပြီ။
ငွေတော့ကုန်မှာပေါ့၊ မတတ်နိုင်ဘူး လုပ်ရမှာပဲ။
လောလောဆယ် ဒီတစ်နည်းပဲ ရှိတယ်။
တောင်ငူရုံးကလူတွေလဲ ဒီကိုလာတည်းနေကျဆိုတော့ ကိုယ်သိတဲ့သူတွေလဲ ရှိတယ်။
တောခေါင်း ကိုသောင်းရွှေလဲ ရှိတယ်။
ကားသမား ကိုလှမြင့်လဲ ရှိတယ်။
ဦးစံပေါလဲ တောင်ငူသား။
ကိုယ်နဲ့ တောင်ငူရုံးအုပ်နဲ့လဲ ခင်တယ်။
ဆိုတော့ တောင်ငူသွားဖို့ ဆုံးဖြတ်လိုက်တယ်။

သူငယ်ချင်းတွေ အကြောင်း အပိုင်း ၃၀ | Ecency