သူငယ်ချင်းတွေ အကြောင်း အပိုင်း ၂၉

agagko(37)
Published in
#wafrica
Words
75
Reading
1 min
Listen
Play
8y

images(3).jpg

သစ်တောစိုက်ခင်းစီမံကိန်း ပြီးတော့မယ်။
လုပ်ငန်းအစီရင်ခံစာ စာအုပ်တောင် လုပ်နေပြီ။
မနက်ဖြန် ရုံးချုပ်နဲ့ ဝန်ကြီးဌာနတင်ရမှာမို့ ဒီနေ့အပြီးလုပ်ရမယ်။
တစ်ရုံးလုံး အိုဗာတိုင်ဆင်းတယ်။
ညဖက်ထိမပြီးသေးဘူး။
လက်နှိပ်စက်နဲ့ ဖယောင်းစက္ကူဖောက်တယ်။
ဂက်စတင်နာလှည့်တယ်။
စာအုပ်အများကြီး ရအောင်။
စာမျက်နှာအလိုက် စုစည်းပြီး စာအုပ်တွေချုပ်ရတယ်။
ည ၁၀နာရီလောက်မှ ပြီးသွားတယ်။
စီမံကိန်းပြီးသွားတော့ စိုက်ခင်းရုံးလဲ ဖျက်တော့မယ်။
တချို့ ဝန်ကြီးရုံး ပြောင်းရမယ်။
တချို့ ရုံးချုပ်ရောက်မယ်။
တချို့ အလုံသစ်တောရုံး ရောက်မယ်။
တချို့ အင်းစိန်သစ်တောရုံး ရောက်မယ်။
တချို့ သင်္ဃန်းကျွန်းသစ်တောရုံး ရောက်မယ်။
တချို့ နယ်ရုံးတွေ ရောက်မယ်။
ဒါပေမဲ့ ပါမန်းနစ် အမြဲတမ်း ဝန်ထမ်းတွေပဲ ပါတယ်။
နေ့စား ဝန်ထမ်းနဲ့ လုပ်အားပေးတွေ မပါဘူး။
ဆိုတော့ အမြဲတမ်းဝန်ထမ်း ဖြစ်ဖို့လိုပြီ။
ခက်တာက အဲဒီအချိန်မှာ အရေးအခင်းဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ်ပါတီ ပျက်သွားတော့ ပါတီဝန်ထမ်းဟောင်းတွေကိုပဲ အမြဲတမ်းဝန်ထမ်းခေါ်ခန့်ဖို့ ဝန်ကြီးက အမိန့်ထုတ်ထားတယ်။
ကျနော်က နေ့စား လပေး ဆိုတော့ ပြသနာတက်ပြီ။
ရန်ကုန် လေဘာနဲ့လဲ အမြဲတမ်းဝန်ထမ်း ခန့်လို့မရ၊ အလုပ်ပြုတ်တော့မယ်။

သူငယ်ချင်းတွေ အကြောင်း အပိုင်း ၂၉ | Ecency