သူငယ်ချင်းတွေ အကြောင်း အပိုင်း ၂၁

agagko(37)
Published in
#wafrica
Words
104
Reading
1 min
Listen
Play
8y

images(3).jpg

စနေ တနင်္ဂနွေ ဆို ရုံးပိတ်ရက်။
အိုဗာတိုင် မရှိရင် ရုံးမှာ အလုပ်လုပ်တဲ့သူမရှိဘူး။
စားပွဲတွေ ဘေးကပ်ပြီး ခြင်းခတ်လို့ရတယ်။
စားပွဲ ၂လုံးဆက်ပြီး စားပွဲတင် တင်းနစ် ရိုက်လို့ရတယ်။
နေချင်သလို နေလို့ရတယ် ပြောတာ။
အားနာရမဲ့သူ မရှိဘူး။
လွတ်လပ်တယ် ပေါ့ဗျာ။
ကျနော် ကုလားထိုင်မှာ ထိုင်ပြီး စားပွဲပေါ် ခြေထောက်တင်ထားတယ်။
ရုံးဖွင့်ရက်ဆို ဒီလို နေလို့ ဘယ်ရမလဲ။
ထိုင်စရာ နေရာတောင် မရှိဘူး။
ခင်မောင်ဝင်း ဝင်လာတယ်၊ လူတစ်ယောက် ပါလာတယ်။
ကျနော်နဲ့ မိတ်ဆက်ပေးတယ်။
" ကိုချစ်ကို တဲ့ အကို၊ ကျနော့် ဆရာပေါ့ "
" ဆရာ မဟုတ်ပါဘူးဗျာ၊ အလုပ်မှာ အဖွဲ့ ခေါင်းဆောင်ပါ "
" တွေ့ရတာ ဝမ်းသာပါတယ်၊ အလည်လိုက်လာတာလား "
" မဟုတ်ဘူး အကို၊ အကို့ဆီ ခေါ်လာတာ "
" ဘာကိစ္စလဲ "
" သူလဲ ကျနော့်လိုပဲ ၁၀တန်း ပြန်ဖြေချင်လို့ "
" ဘာအကူအညီလို လို့လဲ "
" အင်္ဂလိပ်စာ သင်ချင်လို့ပါ "
" ကျူရှင်တွေ ရှိနေတာပဲ "
" တခြားဘာသာတွေ အဆင်ပြေတယ် အကို၊ အင်္ဂလိပ်စာ မလိုက်နိုင်လို့ "
" အေးလေ ဒါဆိုလဲ ကူညီပေးမှာပေါ့ "
" ကျေးဇူးပါ အကို "

သူငယ်ချင်းတွေ အကြောင်း အပိုင်း ၂၁ | Ecency