This content got low rating by people.

သူငယ်ချင်းတွေ အကြောင်း အပိုင်း ၂၀

agagko(37)
Published in
#wafrica
Words
113
Reading
1 min
Listen
Play
8y

images(3).jpg

ဒီနေ့ စနေနေ့၊ ခင်မောင်ဝင်း ရွှေတိဂုံဘုရားက ပြန်လာတယ်။
ဘုရားမှာ စံနက်ကျော်နဲ့ တွေ့ခဲ့တယ် ပြောတယ်။
တောင်ဖက်မုဒ် ဇောင်းတန်းလှေကားမှာ ထိုင်နေတာ။
ဘာထိုင်လုပ်နေလဲမေးတော့၊ ဒီလိုပဲ ဘာဝနာပွားနေရတာလို့ ဖြေတယ်။
ခဏနေ အောက်ဆင်းသွားတယ်၊ ရဲတွေနဲ့ တွေ့တော့ ထွက်ပြေးသွားတယ်တဲ့။
မောင်တိုးက ဝင်ပြောတယ်၊ သူက ရဲ အရမ်းကြောက်တယ်။
သူစိတ်ဖောက်ရင် ရဲနဲ့ ဖမ်းပြီး တံတားလေး စိတ်ရောဂါကုဆေးရုံ ပို့ရတယ်။
ဟိုမှာ စိတ်အရမ်းဖောက်ရင် လျှပ်စစ်နဲ့ လျော့ရိုက်တာကို ကြောက်တာ။
မနေ့က သူ့အဖေနဲ့ ကျနော် လ္ဘက်ရည်ဆိုင် ထိုင်နေတော့ သူဝင်ထိုင်တယ်။
သူ့အဖေ ရုံးပြန်သွားတော့ သူနဲ့ ကျနော် ကျန်ခဲ့တယ်။
ကုန်သည်လမ်းအတိုင်း ကားတွေသွားနေတာ သူကြည့်နေတယ်။
၃၈ ဘတ်စကား တွယ်စီးလာသူတွေကို လက်ညှိုးထိုးပြပြီး၊ အဲဒီထဲမှာ ဖုတ်တွေ ပါတယ် ပြောတယ်။
ဖုတ်တွေကို တွေ့ရင် သူက အုတ်ခဲနဲ့ ပေါက်တယ် ပြောတယ်။
အောင်သိန်းက ဝင်ပြောတယ်၊ ဒါဆို သူ ကြို့ကုန်းမှာ ကျောက်ခဲနဲ့ ပေါက်ခဲ့တာ ဖုတ်ထင်လို့ဖြစ်မယ်။
နောက် စံနက်ကျော်က ထပ်ပြောတယ်၊ အကို ဘာမှမပူနဲ့တော့။
ဘာလို့လဲ မေးတော့၊ ကျနော် အင်္ဂါဂြိုလ်နဲ့ အဆက်အသွယ်ရနေပြီ ပြောတယ်။
အားလုံး ဝိုင်းရီကြတယ်။
နေ့ပြော နောက်ကြည့် ညပြော အောက်ကြည့် ဆိုတာ အမှန်ပဲ၊ စံနက်ကျော် လာနေတယ်။
ခင်မောင်ဝင်းက ပြောတယ်၊ အသက်ရှည်ဦးမှာတဲ့။
ကျနော်က ခင်မောင်ဝင်းကို ပြောလိုက်တယ်၊ မင်းလဲ အဆက်အသွယ်ရရင် ငါ့ကို အသိပေးဦး လို့။
အားလုံး ရီကြပြန်တယ်၊ စံနက်ကျော်လဲ အားရပါးရ ဝင်ရီပြီး ရုံးထဲ ဝင်သွားတယ်။