This content got low rating by people.

သူငယ်ချင်းတွေ အကြောင်း အပိုင်း ၁၉

agagko(37)
Published in
#wafrica
Words
98
Reading
1 min
Listen
Play
8y

images(3).jpg

၁၉၈၈ အရေးအခင်းဖြစ်တော့ အစိုးရယန္တယား အကုန်ရပ်သွားတယ်။
ရုံးတွေ ကျောင်းတွေ ရက်အကန့်အသတ်မရှိ ပိတ်သွားတာပေါ့ဗျာ။
ဈေးဆိုင်တွေလဲ အကုန်ပိတ် တာပေါ့။
ဖွင်တဲ့ဆိုင် နဲနဲပါးပါးပဲ ရှိတယ်။
အစိုးရ အရက်ဖြူဆိုင်တွေ မဖွင့်တော့ဘူး။
အဓိက အဲဒါ ပြောချင်တာ။
တရုတ်ဝီစကီ ဝင်လာတယ်။
တရုတ်စီးကရက် minle နဲ့ xingxing ဝင်လာတယ်။
BE အရက်ဖြူ မရတော့ တရုတ်ဝီစကီ ဝယ်သောက်တယ်။
ပထမ မဆိုးဘူး။
နောက် တောအရက်တွေ ရောပြီး ရောင်းတယ်။
ဈေးကြီးပေးဝယ်ရပြီး သောက်ပြီးရင် ခေါင်းကိုက်တယ်။
မထူဘူး တောအရက်ပဲ သောက်တော့မယ် ဆုံးဖြတ်လိုက်တယ်။
ရုံးမှာ ဦးသန်းဖေက တောပဲချတာ။
သူနဲ့အတူ သောက်ဖို့ လိုက်လာခဲ့တယ်။
ပန်းဆိုးတန်းလမ်း အောက်ဖက်ထိပ်မှာ ကမ်းနားလမ်း ရှိတယ်။
မီးရထား သံလမ်း ရှိတယ်။
သံလမ်းဘေးမှာ တောအရက်ဆိုင်တွေ ရှိတယ်။
ကပ်ရက်မှာ ဝက်သား ဒုတ်ထိုးဆိုင်လဲ ရှိတယ်။
ဦးသန်းဖေက ဝက်သားဒုတ်ထိုး ၄ခု ဝယ်တယ်။
အရက် ၂ခွက် မှာတယ်။
ကျနော့်ကို ငါလုပ်သလိုလုပ် ပြောတယ်။
ပထမ ဝက်သား ဒုတ်ထိုး တစ်ယောက် ၁ခု စားတယ်။
ပြီးတော့ ရေတစ်ငုံ ငုံရတယ်။
နောက် အရက်တစ်ပိုင်းခွက်ကို မနားတမ်းသောက်ရတယ်။
ပြီးတော့ ရေသောက်၊ ဒုတ်ထိုး ၁ခု စား။
ရုံးပြန်လာ၊ ထမင်းစား။
ထမင်းစားနေရင်း အရက်ရှိန် တက်တက်လာတယ်။

သူငယ်ချင်းတွေ အကြောင်း အပိုင်း ၁၉ | Ecency