မဂ်လာပါ HIVE-MYANMAR အဖွဲ့သား တို့ရေ
HIVE-MYANMAR မှာ စာမရေး ဖြစ်သာ ရက်၂၀ကျော်သွားပြီး။ စာရေးပြီးတင်မယ် လုပ်လိုက် အစ္စည်းကားဝင်လာလို့ ပစ္စည်းချိန် လိုက်နဲ့ ညဘက်ဆိုလည်း ပင်ပန်း ပြီးအိပ်ပျော် သွားတယ်။ ခက်ခဲတဲ့ ကာလ မှာ လုပ်စားရတာ လည်း မလွယ်ကူ လှပါဘူး။
ဒီနေ့ ပစ္စည်းကား ချိန် တဲ့ ကားဂိတ်မှာ ဂိတ်ပိုင်ရှင် က သူ့တပည့်တွေ အတွက် ဝယ်ထားတဲ့ ဇယ်ခုံ လေးတစ်ခုံ ကို တွေ့တယ်။ သူ့တပည့်တွေ နဲ့ သူ့ဂိတ်ကို လာတဲ့ ကားဆရာ တွေ အပြင်းပြေ ဆော့ဖို့ ဝယ်ထား သာလည်းဖြစ်တယ်။
ဇယ်ခုံ စည်းမျဉ်း က ရိုးရှင်းပါတယ်။ ဇယ် သီးမှာ အနီ၊ အဝါ၊ အစိမ်း ဆိုပြီး ၃ မျိူး ရှိတယ်။ အနီ က ၉လုံး၊ အဝါ ၉လုံး ၊ အစိမ်း ၁လုံး အားလုံးပေါင်း ၁၉လုံး ပါရှိတယ်။ ကိုယ်ကြိုက်တဲ့ အရောင် ရွေးပြီး ဇယ်သီး ကုန်အောင်တောက်ရ ပါတယ်။ ကိုယ်ယူထားတဲ့အရောင် နောက်ဆုံး တစ်လုံး ကျန်တဲ့အချိန်မှာ အစိမ်းကိုတောက်ရပါတယ်။ အစိမ်း ဝင်ပြီးမှ နောက်ဆုံး တစ်လုံး ကို တောက်ရသာပါ။
ဇယ်ခုံ ကို မြင်ပြန်တော့ ငယ်ငယ်က ရပ်ကွက်မှာ တစ်နာရီ ၁၅၀ ငှားပြီး အကိုတွေ ဘေးအိမ်က သူငယ်ချင်းတွေ နဲ့ နှဖူးတောက် ကြေး ဆော့ကစား သာတွေ သတိပြန်ရမိတယ်။ ဇယ်တောက်သာ မကျွမ်းကျင်တော့ တစ်ခါခါ ဆို နဖူးပါယောက်တယ်။ HIVE-MYANMAR အဖွဲ့သားတို့ရော ငယ်ဘဝက ဇယ်ခုံနဲ့အမှတ်တရ ရှိကြမယ် လို့ထင်ပါတယ်။ စာကိုဆုံးအောင်ဖတ်ပေးလို့ကျေးဇု တင်ပါတယ်။ ကောင်းသောနေ့လေးဖြစ်ပါစေ။