မသမာသောနည်းများနဲ့အောင်မြင်ကျော်ကြားခဲ့သူတို့သည်
အမှန်တကယ်စိတ်ချမ်းသာနိုင်ရဲ့လား
သူကောင်းမွန်စွာအိပ်ပျော်ရတဲ့ညတွေတော့နည်းမယ်ထင်ပါတယ်
မကောင်းမှုတစ်ခုကိုလုပ်တဲ့အခါ လူမသိအောင်လုပ်ရပါတယ်
သေချာလုပ်ရင်ေတာ့ဘယ်သူမှမသိတော့ပါဘူး
ဒါပေမယ့် ကိုယ်တိုင်တော့သိနေတယ်လေ
ကိုယ့်စိတ်ကိုတော့ညာလို့မရတာသိမှာပေါ့
ဘယ်လောက်ပဲအောင်မြင်ကျော်ကြားနေပါစေ
မိမိရဲ့မှားယွင်းသောလုပ်ဆောင်ချက်အကြောင်းကို
ပြန်တွေးလေတိုင်း အောင်မြင်မှုရဲ့အရသာသည်
ကြာလေခါးလေဖြစ်လို့လာရသည်
တစ်သက်လုံးစိတ်မချမ်းမသာဖြစ်ကြရသည်၊
ဒါတွေကိုစွန့်လွှတ်လိုက်ရတဲ့အခါမှာတော့
ဝန်တွေပေါ့သွားစေမှာဖြစ်သည်
မထိုက်တန်သည်တို့ကိုစွန့်ပြစ်ရန်လိုအပ်ပါသည်။
ကိုယ်မပိုင်ဆိုင်ရလည်း စိတ်ချမ်းသာနေတဲ့အချိန်လေး
တွေကို တော့ မစတေးချင်ပါဘူး
အောင်မြင်မှုဆိုတာ လုပ်ယူလို့ရကောင်းသောအရာမဟုတ်ပါဘူး
@acgirl
photo-google