နောက်မှရှေ့သို့

acgirl(42)
Published in
#writing
Words
127
Reading
1 min
Listen
Play
9y

DSCN1647.JPG
ပြီးသွားခဲ့တဲ့ခေတ်အဆက်ဆက်ကို ပြန်ကြည့်တဲ့အခါ ပဒေသရာဇ်ခေတ်မှာ ရှင်ဘုရင်တွေက ဆည်မြောင်း
ကန် ချောင်းတွေ ပြုပြင်ဆောက်လုပ်ပေးတာတွေ့ရတယ် ပြီးတော့အခွန်ကောက်ပါသည် ရာသီဥတု သမမျှတလို့
ဆန်ရေ စပါးပေါများချိန်တိုင်းပြည် စည်ပင်ပါသည် အင်အားတောင့်တင်းလာပါသည် အုပ်ချုပ်သူဘုရင် တော်ရင်တော်
သလို ပြည်ပနိုင်ငံများကလေးစားခန့်ညားရပါသည်အဲရှော်တဲ့ ဘုရင်တွေ လက်ထက်ကျတော့လည်း စည်းစိမ်ယစ်
မာနထောင်လွှား စစ်မက်ထူပြောရင်တော့ တိုင်းပြည်က နိမ့်ပါးပြန်တာတွေဖြစ်တယ်ပေါ့ ထားပါလေဆိုလိုချင်တာက
သူ့ခေတအခါ် သူ့အခြေအနေအရမှာ မိရိုးဖလာ စိုက်ပျိုးရေးနဲ့ အလုပ်ဖြစ်ခဲ့တယ် ထင်ပါလေသည်
ကိုလိုနီခေတ်ကျ မြို့ပိုင်တွေ နယ်ပိုင်တွေနဲ့ အဆင့်ဆင့် စနစ်တကျ စီမံခန့်ခွဲပြီး စိုက်ပျိုးရေးကို ဦးဆောင်ခဲ့ပါလေသည်
မျိုးသစ်တွေ သွင်းပါလေ၏လယ်ယာလုပ်သားမလုံလောက်လို့ ဘင်္ဂလားက လယ်ကူလီတွေ သွင်းလာပါလေ၏
ခေတ်မီ နည်းပညာတွေ ပါလာလေဒ အဲ့တော့ ပြည်တွင်း ရိက္ခာ ဖူလုံရုံမက နိုင်ငံခြားကို တင်ပို့ပြီး တိုင်းပြည် ဝင်ငွေရှာ
လာနိုင်တာတွေ့ရလေသည် သူ့ခေတ်မှာတော့ခေတ်အတော်မီတဲ့ စိုက်ပျိုးရေး ဖြစ်ခဲ့မှာအသေအချာပင်ဖြစ်လေသည်
ခက်တာက လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွေ နိုင်ငံရေးကမတည်မငြိမ် ခေတ်တွေ စနစ်တွေ ခဏခဏ ပြောင်းတော့
စနစ်လေးတစ်ခု အသားကျမယ် မကြံသေးဘူးနောက်တစ်ခုပြောင်းတော့တာပါဘဲနောက်တစ်ခုပြောင်းနဲ့ တောမ
ရောက် တောင်မရောက် အဆင့်ကကို မတက်တွေဖြစ်ရပါတော့တယ်ကမ္ဘာမှာက တဟုန်ထိုးပြောင်းလဲသွားပြီတော့
ကိုယ်တွေ မှတ်မိသလောက်ကို မြေကြေးရှင်းခေတ် လယ်စိုက်ရှင်းခေတ်စသဖြင့် ခေတ်တိုင်းမှာ နိုင်ငံရေးပေါ်လစီ
လွှမ်းမိုးမှုက အဓိက ဖြစ်လိမ့်မယ် ထင်ပါလေ၏အုပ်ချုပ်သူ လူတန်းစားတွေရဲ့ စိတ်ထဲမှာ ဆရာစံခေတ်ကနေ ကနေ့ထိ
ကြီးကြီးမားမား အပြောင်းအလဲတော်တော်များများဟာ စပါးကြောင့်လို့ တရားသေခံယူထားတာလည်း စိုက်ပျိုးရေးလော
ကအတွက် အနှောင့်အယှက်တစ်ခု ဖြစ်မယ် ထင်ပါလေဒမှတ်မှတ်ရရ ပေါ့နှစ်ထောင့်နှစ်ခုလောက်က စပါးဈေးတွေ
ထိုးကျလို့ ရိတ်ချွေခတောင် မရတော့လို့ မိုးစပါးတွေ မရိတ်တော့ပဲ အကျွန်းခံထားပြီး တောင်သူတွေ ဘ
ဝပျက်နေချိန်မှာ နွေစပါးစိုက်ကြဖို့ အစိုးရနဲ့ ဌာနဆိုင်ရာတွေက အပူတပြင်း လှုံ့ဆော်နေတာကြုံ ခဲ့ရဖူးပါလေ၏
ဒါတွေကတော့ ခေတ်အပြောင်းအလဲမှာအဆင့်ဆင့်တွေ့ခဲ့ရတာတွေဖြစ်ပါလေသည
Author : acgirl@acgirl
Photos credit; Google Image

နောက်မှရှေ့သို့ | Ecency