📝📝

aakk(38)
Published in
#artzone
Words
333
Reading
2 min
Listen
Play
9y

သမ္မတကတော် ဒေါ်ချို ချို အကြောင်း
……………………………………

နိုင်ငံရေးလုပ်တဲ့မိဘတွေကြောင့် မိဘတွေ
ကိုယ်တိုင်လည်း နေထိုင်အခြေချစရာ နေရာ
ေ တွမရှိကြသလို သားသမီးတွေဟာလည်း
ရေခြားမြေခြားမှာထွက်ပြေး တိမ်းရှောင်ခိုလှုံ
ခဲ့ကြရပါတယ်။

ထိုနည်းတူစွာ လက်ရှိ ပူပူနွေးနွေး သမ္မတ သစ်
အဖြစ်ခန့်အပ်ခန်ရသူ ဦးဝင်းမြင့်ကိုယ်တိုင်လည်း
ရန်ကုန်မှာ တိုက်ခန်းငှားနေခဲ့ရတယ်။ တင်းကျပ်လှ
တဲ့စစ်ထောက်လှမ်းရေးတွေရဲ့ ပြဿနာရှာမှု၊ဖိအားပေး
မှုတွေကြောင့် တိုက်ခန်းပိုင်ရှင်တွေခဏခဏမောင်း
ချခံရတာမျိုးကြံဖူးတယ်။

နောက်ဆုံး ဟိုပြေးဒီပြေးဘဝမှာ တစ်ဦးတည်း
သော သမီးငယ်ဖြစ်သူပါ ဒီဒုက္ခတွေခံစားရမှာစိုး
လို့ နိုင်ငံခြားသို့သွားရောက်ပြီး အလုပ်လုပ်ခိုင်းခဲ့
ရတာပါ။

ဒီလိုကြမ်းတမ်းလှတဲ့ နိုင်ငံရေးသမားကြီး
တစ်ယောက်ရဲ့ ဘေးမှာ ကြံကြံခံ အပြုံးမပျက်
ရှိနေခဲ့သူကတော့ ဒေါ်ချိုချိုပါ… ဒေါ်ချိုချိုက
ဆန်ရေစပါးပေါပေါသီသီထွက်တဲ့ ဓနုဖြူမြို့က
ဆန်စက်ပိုင်ရှင်သမီးပါ။ ဒါအပြင် သပြေညိုသွေး
ဆေးလုပ်ငန်း၊ဇမ္ဗူထွန်းရုပ်ရှင်ရုံစတဲ့လုပ်ငန်းတွေ
လည်းပိုင်ဆိုင်သူပါ။ နိုင်ငံရေးသမားကြီးနဲ့ ရေ
စက်ဆုံတော့ ဆန်စက်ကြီးတွေလည်း ကုန်၊ အိမ်
တွေပါရောင်းချပြီး ချို့တဲ့စွာ ဘဝကိုဖြတ်သန်း ခဲ့
ရသူပါ။

“အခုအချိန်မှာ ရွှေထီးဆောင်းခဲ့တာတွေ
ပြောနေလည်း အလကားပါပဲ။ သူနိုင်ငံရေး
စလုပ်ကတည်းကဘယ်လောက် ခက်ခဲပင်ပန်း
ခဲ့ရလဲ ကိုယ်တိုင်ပဲ သိတယ်။ဒါပေမဲ့ ကျေနပ်တယ်
လေ၊ ကိုယ်ကပြည်သူအတွက် အလုပ်အကျွေးပြု
ချင်တာကိုး”လို့ လို့ မြန်မာတိုင်းမ်သတင်းစာကို
(၂၀၁၆) ခုနှစ်ကပြောခဲ့ဖူးပါတယ်။

သားငယ်ဖြစ်သူဆုံးပါးစဉ်က လင်ယောက်ျားက
ထောင်ကျနေခဲ့တဲ့အချိန်တွေဟာ သူ့အတွက်ဝမ်း
နည်း ရဆုံးအချိန်တွေဖြစ်ပါတယ်။ လက်ရှိသမ္မတ
ဖြစ်တဲ့အချိန်ထိ သမ္မတသစ်ရဲ့ ပိုင်ဆိုင်မှုဆိုလို့
တာမွေမဂ္ဂလမ်းအတွင်းရှိ ခြောက်လွှာတိုက်ခန်း
တစ်ခုဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဌဖြစ်စမှာလည်း
ဇနီးသည်နဲ့အတူ ဥက္ကဌအိမ်တော်သို့ မက်မက်
မောမောချက်ချင်းမပြောင်းခဲ့သူပါ။

ထိုစဉ်ကလည်းပြည်သူတွေကြား ဥက္ကဌကြီးတို့
ဇနီးမောင်နှံကို အံသြလေးစားကြခဲ့ရပါတယ်။

လွှတ်တော်ဥက္ကဌရဲ့ကတော်ဖြစ်စကာလမှာ
ဒေါ်ချိုချိုရဲ့ မြန်မာတိုင်းမ်အင်တာဗျူးမှာပြောခဲ့
တဲ့စကားကတော့ “ဒို့က အများကြီး ပေးဆပ်ပြီး
နေခဲ့ရတာပါ။ အကုန်စွန့်ပြီးသားဆိုတော့ အခု
ဘာမှထူးပြီး မလိုပါဘူး။ မနက် ထမင်း၊ ညထမင်း
ရှိရင် ရပြီ။ ဒါပေမဲ့ ပြည်သူတွေအတွက် လုပ်ပေး
နိုင်တာတော့ ဂုဏ်ယူတယ်။ ဒို့တောတစ်ခွင် ပြဲပြဲ
စင်ခဲ့တာဆိုတော့ ပြည်သူရဲ့ ဘဝကို သိတယ်။

ကိုယ့်မှာ မရှိပေမယ့် တတ်နိုင်သလောက်
ကူညီပေးခဲ့တယ်။အခုလည်း ထက်ထက်သန်သန်
ကို လုပ်ပေးချင်ပါတယ်” ဖြစ်ပါတယ်။ခင်ပွန်းဖြစ်သူ
လွှတ်တော်ဥက္ကဌဦးဝင်းမြင့်ရဲ့ ပြည်ပခရီးစဉ်တွေမှာ
လည်း လိုက်ပါသွားခဲ့တာမျိုးမရှိသလို မီဒီယာတွေ
ကြားမှာလည်း ပေါ်ပေါ်ထင်ထင်မနေတဲ့ အမျိုးသမီး
ကြီးဖြစ်ပါတယ်။ ရိုးရိုးအေးအေးနဲ့ နေတတ်တဲ့သူ့
အဖို့ လင်ယောက်ျားဖြစ်သူရဲ့ လိုအပ်ချက်တွေကို
နောက်ကွယ်ကနေ ဖြည့်ဆည်းရင်း အေးအေး
ချမ်းချမ်း ဘဝကိုဖြတ်သန်းလိုသူဖြစ်ပါတယ်။

သမ္မတသစ်ကြီးဦးဝင်းမြင့်နဲ့ဒေါ်ချိုချိုတို့
အကြောင်းတစ်စေ့တစ်စောင်း
………………………………………

ဒေါ်ချိုချိုဆိုတာ နာမည်နဲ့လိုက်အောင် မျက်နှာ
ထား ချိုပြီး စကားပြောရင် လည်း ချိုချိုသာသာ
ပြောဆိုတက်သူပါ။ လွှတ်တော်ဥက္ကဋ္ဌရဲ့ ဇနီး
တစ်ယောက်ဖြစ်ခဲ့ပေမယ့် ကြည့်လိုက်ရင် သာ
မန်အိမ်ထောင်ရှင်မ တစ်ဦးလိုပါပဲ။ ဒေါ်ချိုချိုကို
အဖ ဦးထွန်းမင်း နဲ့ အမိ ဒေါ်ဝင်းကြည်တို့က
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့မှာမွေးဖွားခဲ့ပြီး
တတိယမြောက်သမီးဒေါ်ချိုချိုဟာ ဦးဝင်းမြင့်ကို
ပဉ္စမတန်း စတက်တဲ့ အချိန်မှာပဲ စပြီးတွေ့ခဲ့တာပါ။

ဦးဝင်းမြင့်ဟာ အနေအေးပြီး စာတော်တဲ့
ကျောင်းသား တစ်ယောက် ဖြစ်လို့ သတိထား
မိခဲ့တာလို့ ဆိုပါတယ်။ ငါးတန်းမှာ သူငယ်ချင်း
တွေ ဖြစ်ခဲ့ပြီး ရှစ်တန်းအရောက်မှာတော့ ကွဲ
သွားခဲ့ပါတယ်။ ဆယ်တန်းရောက်တဲ့အချိန်မှာ
ပုသိမ် အ.ထ.က (၆) မှာ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။

တရားလွှတ်တော်ရှေ့နေဖြစ်လာတဲ့ ဦးဝင်းမြင့်နဲ့
သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကား
ခဲ့ပါတယ်.။ သမီး ဖြူဖြူသင်းကတော့ Ocean
Supermarket မှာ မန်နေဂျာအဖြစ် အလုပ်လုပ်
နေသူ တစ်ဦးပါ။ လက်ရှိမှာ City Mart ရဲ့အကြီး
တန်းအကြံပေးအဖြစ်လုပ်ကိုင်နေသူပါ။

သားဖြစ်သူကတော့ အသက် (၁၆)နှစ်အရွယ်မှာ
ဆုံးသွားခဲ့ပါတယ်.။သားဖြစ်သူ ဆုံးချိန်မှာ ဦးဝင်းမြင့်
က အထိန်းသိမ်းခံထားရပြီး ရက်လည်ဆွမ်းသွတ်တဲ့
နေ့မှာပဲ လာခွင့်ရခဲ့ပါတယ်။ နိုင်ငံရေးသမားဖြစ်တဲ့
ခင်ပွန်းဖြစ်သူကြောင့် နှစ်ပေါင်းများစွာ နေစရာအိမ်
ေ တာင် မရှိခဲ့ပါဘူး။

လူတစ်ယောက်ရဲ့ ကျေးဇူးကြောင့် လက်ရှိနေ
ထိုင်တဲ့ ရန်ကုန်မြို့ တာမွေမြို့နယ်၊ မဂ္ဂင်လမ်းက
တိုက်ခန်းလေးကို ဓနုဖြူက နှစ်ထပ်အိမ်ကို သိန်း
(၃၀) နဲ့ ရောင်းပြီး ၀ယ်နိုင်ခဲ့ပါတယ်။

ဘ၀အလှည့်အပြောင်း တွေကို ခါးစီးခံရင်း
ခင်ပွန်းဖြစ်သူ ဦးဝင်းမြင့်ဟာ (၂၀၁၅)ခုနှစ်
အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ပါတီကို ကိုယ်စားပြုပြီး တာမွေမဲဆန္ဒနယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံ
ခဲ့ရာက ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြစ်လာတဲ့ အခါ
မှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဌကတော် ဖြစ်လာ
ပါတယ်။.

သမ္မတ ကတော်ဖြစ်လာသူ
…………………………
(၂၀၁၈)ခုနှစ်၊ မတ်လ(၂၈) ရက်နေ့မှာ ကျင်းပတဲ့
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးရဲ့ နိုင်ငံ
တော်သမ္မတ ရွေးချယ်တင်မြှောက်မှုမှာ ဒုတိယ
သမ္မတ သုံးဦးဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ၊
ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ နဲ့ ပြည်သူ့
လွှတ်တော် ဥက္ကဌဟောင်း ဦးဝင်းမြင့်တို့ကို နိုင်ငံ
တော်သမ္မတအဖြစ် မဲခွဲဆုံးဖြတ်ခဲ့ရာမှာတော့
ပြည်သူ့လွှတ်တော် ဥက္ကဟောင်း ဦးဝင်းမြင့်က
ဆန္ဒမဲအများဆုံးနဲ့ အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့
ဒဿမမြောက်သမ္မတ ဖြစ်လာခဲ့ရာမှာတော့ ဇနီး
ဒေါ်ချိုချိုဟာ သမ္မတကတော် ဖြစ်လာပါတော့တယ်။

image

aakk@aakk

📝📝 | Ecency