ကြားချင်တာသာ ကြားတတ်ကြတာမို့....
A Native American was in downtown New York City, walking along with his friend who lived in New York City.
အမေရိကန်ကျေးတောသားကြီးဟာ နယူးရော့ခ်မြို့လယ်ခေါင်မှာ သူ့ရဲ့မြို့ခံသူငယ်ချင်းနဲ့ လမ်းလျှောက်လာကြသတဲ့။
Suddenly he said, “I hear a little bird.”
“Oh, you’re crazy,” his friend replied.
"ငါ ငှက်အော်သံလေး ကြားလိုက်တယ်" လို့ သူက ရုတ်တရက်ပြောလိုက်တယ်။
"အို..မင်း ရူးနေတာပါ" လို့ သူ့သူငယ်ချင်းက ပြန်ပြောသတဲ့။
“No, I hear a little bird. I do! I am sure of it.”
" မဟုတ်ဘူး။ ငါ ငှက်အော်သံလေး တကယ်ကြားလိုက်တာ။ သေချာပါတယ်" လို့ သူပြန်ဖြေလိုက်တယ်။
“It’s the noon hour. You know there are people bustling around, cars honking, taxis squealing, and noises from the city. I’m sure you can’t hear it.”
"နေ့ခင်းကြောင်တောင်ကြီးကွာ။ လူတွေ တရုန်းရုန်း၊ ကားဟွန်းသံတွေတညံညံ၊ အငှားကားတွေ တကျွီကျွီ၊ မြို့ထဲမှာ ဒီလောက်ဆူညံနေတဲ့ဟာ။ မင်း ဒီငှက်သံကိုကြားတယ်ဆိုတာ မဖြစ်နိုင်ပါဘူးကွာ" လို့ သူငယ်ချင်းက ဆိုတယ်။
“I’m sure I do.” He listened attentively and then walked to the corner across the street, and looked all around.
" ငါ တကယ်ကြားတာပါ"။ သူဟာ သေသေချာချာ အာရုံစိုက်နားထောင်လိုက်ကာ လမ်းတစ်ဘက်ထောင့်သို့ကူးသွားပြီး နေရာအနှံ့ လိုက်ရှာပါတော့တယ်။
Finally, on the other corner, he found a shrub in a large cement planter. He looked beneath the leaf and found a little bird.
အဆုံးမတော့ အဲဒီထောင့်မှာ လမ်းဘေးအလှစိုက်တဲ့ ပန်းအိုးကြီးထဲမှာ ချုံပုတ်တစ်ခုကို သူတွေ့ပါတယ်။ သစ်ရွက်အောက်ကိုကြည့်လိုက်တော့ ငှက်ကလေးတစ်ကောင်ကို သူတွေ့ပါလေရော။
His friend was very surprised. But the Native American said, “No, my ears are no different from yours. It simply depends on what you are listening for. Here, let me show you.”
သူ့ရဲ့ သူငယ်ချင်းက အရမ်းအံ့သြသွားတယ်။ အမေရိကန်ကျေးတောသားကြီးက ပြောတယ် " ငါ့ရဲ့ နားတွေဟာ မင်းရဲ့နားတွေနဲ့ အတူတူပါပဲ။ မင်း ဘာကို အာရုံပြုနားစိုက်ထောင်တတ်တယ် ဆိုတဲ့အပေါ်ပဲမူတည်တာပါ။ ငါ မင်းကိုပြမယ်ကွာ"
He reached into his pocket and pulled out a handful of coins – a few quarters, some dimes, nickels, and pennies. And he dropped them on the concrete.
သူဟာ အိတ်ထဲကို နှိုက်ပြီး အကြွေစေ့တွေလက်တစ်ဆုပ်စာ ထုတ်ယူလိုက်လေရဲ့၊ မတ်စေ့၊ မူးစေ့၊ ပြားစေ့ အစုံပါပဲ။ ပြီးတော့ အဲဒီအကြွေစေ့တွေကို ကွန်ကရစ်လူသွားလမ်းပေါ်ပစ်ချလိုက်ပါလေရော။
Everyone nearby on the roadside turned their heads.
လမ်းဘေးမှာရှိတဲ့လူတိုင်းဟာ သမင်လည်ပြန်လှည့်ကြည့်ကြသတဲ့။
“You see what I mean? It all depends on what you are listening for.”
"ငါဆိုလိုတာကို မင်းတွေ့ပြီလား။ မင်း ဘာကို အာရုံပြုနားစိုက်ထောင်တတ်တယ် ဆိုတဲ့အပေါ်ပဲမူတည်တာလို့"
(Native American ကို Red Indian သို့မဟုတ် မူလကတည်းက အမေရိကန်နိုင်ငံတွင်နေထိုင်ခဲ့ကြသည့်တိုင်းရင်းသားဟု politically correct ဖြစ်အောင် ဘာသာပြန်မဲ့အစား ဖတ်ရလွယ်အောင် "အမေရိကန်ကျေးတောသားကြီး" ဟု ဘာသာပြန်ထားပါသည်။)
With love,
@aakk