စာတိုပေစလေးတွေ ဖတ်ရအောင်
A Rich Woman Thought She Had The Perfect Husband. Then This Happened.
ပိုက်ဆံချမ်းသာတဲ့ မိန်းမတစ်ယောက်ဟာ သူအကောင်းဆုံးယောက်ျားကိုရထားတယ်ထင်နေတာ။ ဘာဆက်ဖြစ်လဲ သိချင်ရင် ဖတ်ကြည့်ပေတော့။
Several men are in the locker room of a golf club. A cell phone on a bench rings and a man engages the hands free speaker function and begins to talk. Everyone else in the room stops to listen.
ဂေါက်ကလပ်ရဲ့ အဝတ်လဲခန်းထဲမှာ ယောက်ျားတွေအများကြီးရှိနေတယ်။ ခုံတစ်ခုံပေါ်က လက်ကိုင်ဖုန်းမြည်လာတော့ လူတစ်ယောက်ဟာ ဖုန်းစပီကာကိုဖွင့်လိုက်ပြီး စပြောတော့တာပဲ။ အခန်းထဲမှာ ရှိနေတဲ့လူတွေအကုန်ရပ်ပြီး နားထောင်ကြလေရဲ့။
MAN: "Hello"
ယောက်ျား။ ဟဲလို ပြောပါ။
WOMAN: "Honey, it's me. Are you at the club?"
မိန်းမ။ အချစ်ရေ၊ မိန်းမပါ။ ယောက်ျား ကလပ်မှာလား။
MAN: "Yes"
ယောက်ျား။ ဟုတ်တယ်။
WOMAN: "I am at the mall now and found this beautiful leather coat. It's only $1,000. Is it OK if I buy it?"
မိန်းမ။ ကျွန်မက အခု ဈေးဝယ်ထွက်နေတာ၊ အရမ်းလှတဲ့ သားရေကုတ်အင်္ကျီတွေ့လို့။ ဒေါ်လာ တစ်ထောင်တည်းပါ။ ဝယ်လိုက်ရမလားဟင်။
MAN: "Sure, go ahead if you like it that much."
ယောက်ျား။ အေးလေ၊ မင်း အဲဒီလောက်ကြိုက်နေရင် ဝယ်ပေါ့။
WOMAN: "I also stopped by the Porche dealership and saw the new 2014 models. I saw one I really liked."
မိန်းမ။ Porche ကားပြခန်းလည်း ဝင်ကြည့်ခဲ့တာ ၂၀၁၄ ကားမော်ဒယ်အသစ်တွေ တွေ့ခဲ့တယ်။ ကျွန်မတကယ်ကြိုက်တဲ့ တစ်စင်းတွေ့ခဲ့တယ်။
MAN: "How much?"
ယောက်ျား။ ဘယ်လောက်တဲ့လဲ။
WOMAN: "$200,000"
မိန်းမ။ ဒေါ်လာ ၂သိန်း။
MAN: "OK, but for that price I want it with all the options."
ယောက်ျား။ OKလေ၊ ဒီဈေးမျိုးနဲ့ဆိုရင်တော့ options အစုံပါမှဖြစ်မယ်။
WOMAN: "Great! Oh, and one more thing...the house I wanted last year is back on the market. They're asking $950,000"
မိန်းမ။ ကောင်းလိုက်တာရှင်။ နေပါဦး တစ်ခုကျန်သေးလို့၊ မနှစ်က ကျွန်မလိုချင်နေတဲ့ အိမ် အခုရောင်းမယ်တဲ့။ ဒေါ်လာ ၉သိန်းခွဲ တောင်းနေတယ်။
MAN: "Well, then go ahead and give them an offer of $900,000. They will probably take it. If not, we can go the extra 50 thousand if it's really a pretty good price."
ယောက်ျား။ ကောင်းပြီလေ၊ သွားပြီး သူတို့ကို ၉သိန်းပေးမယ်လို့ ပြောကြည့်ပေါ့။ ဒီဈေးဆို သူတို့သဘောတူမှာပါ။ မရရင်လည်း အိမ်ကတကယ်တန်နေရင်တော့ နောက် ၅ သောင်းထပ်လိုက်ရမှာပေါ့။
WOMAN: "OK. I'll see you later! I love you so much!"
မိန်းမ။ OK ပါ။ အဲဒါဆို ဒါပဲနော်။ အရမ်းချစ်တယ်နော်။
MAN: "Bye! I love you, too."
ယောက်ျား။ ဘိုင့်ဘိုင်။ ကိုယ်လည်း မင်းကိုချစ်ပါတယ်။
The man hangs up. The other men in the locker room are staring at him in astonishment, mouths agape.
ယောက်ျားဟာ ဖုန်းချလိုက်တယ်။ အဝတ်လဲခန်းထဲက ယောက်ျားတွေအားလုံး ပါးစပ်အဟောင်းသားတွေနဲ့ သူ့ကိုအံ့သြတကြီးစိုက်ကြည့်နေကြသတဲ့။
He turns and asks: "Anyone know who this phone belongs to?"
သူက လှည့်ကြည့်ပြီး မေးလိုက်တာက "ဒီဟာ ဘယ်သူ့ဖုန်းလဲ ခင်ဗျားတို့ သိသလား" တဲ့။
(ရီစရာ ပျော်စရာလို့ ဖတ်စေချင်တဲ့အပြင် ဘာသာပြန်တဲ့ အယူအဆလေးကိုလည်း လေ့လာစေချင်လို့ပါ။)
With love,
@aakk