ဘုရင်မကြီးမကျအောင်လို့ ဘုရင်လဲပေးလိုက်ရတာပဲ ရှင်းလား ……??
တဖက်ခံစစ်က ဆင်မြင်း ရထားတွေ နဲ့ ခံစစ်ပြင်ပြီးနေသလို တိုက်စစ်ဝင်လိုက်တာနဲ့ ဘုရင်မကြီး ကွိခနဲ ဖြစ်တော့မဲ့ မရှူသာ မရှိုက်သာ အခြေအနေ ဖြစ်နေလို့ မျက်ကလူးဆန်ပြာ ကာဆယ်ရင်းနေရတာ ဖြစ်တယ် ။
လက်ရှိ အခြေအနေက စစ်တုရင်ခုံပေါ်မှာကစားနေသလိုမဟုတ်တဲ့ အခါမှာ ရှင်းအောင်ပြောမယ် ယဉ်ယဉ်လေး အာဏာ လွှဲလိုက်ရတာဖြစ်တယ် ။
နီပေါ ဘုရင်မကြီးက နောက်ကြောမလုံ ဖင်ပေါက်ကြီးနဲ့ ကိုယ့်အားနည်းချက်ကို သိဖို့လိုတယ်နော် ။
ဘုရင်မကြီးရဲ့ ကလိမ်ကကျစ်
ကစားကွက်တွေနဲ့ ဖရိုဖရဲဖြစ်နေတဲ့ အချိန် ကြိုက်တဲ့ အချိန် ခွေပစ်လိုက်လို့ရတယ် သဘောပေါက် ။
ဒီပွဲစဉ်ကို ဟန်မပျက်
အချိန်ပြည့် ဆက်ကစားမလား ……။
ဒဲ့ပြောရရင် နှစ်ဦးနှစ်ဖက် နာမည်
အပျက် မခံလိုတဲ့ အခါ ညင်သာစွာ
လူလဲ နေရာလဲခြင်းဖြင့် အာဏာ အပ်လိုက်ရတာပဲ ဖြစ်တယ် ။
ချောမွေ့ ညင်သာစွာ ဖြစ်မလာခဲ့ ရင်တော့ ကြမ်းတမ်း ခတ်ထန်မှု့တွေ ရှိလာမှာပဲ…………
နောက်ဆုံးအနေနဲ့ သတိပေးလိုတာကတော့ အားပေးသူ ပြည်သူ့ မျက်နှာ ကြည့်ပြီး အလုပ်လုပ်ပါ ။
ပရိတ်သက်အပေါ် သစ္စာ ရှိပေးပါ ။
မဟုတ်ရင်တော့ ……………
ကားသမား စကားပြောရင်
ကားနားတဲ့ ရက်နဲ့ နားကားတဲ့ ရက်
တစ်ထပ်ထဲ ဖြစ်သွားမယ် ။
ချစ်ခြင်း မုန်းခြင်း ကင်းစွာဖြင့်
@aakk
မန်လည်ဆရာတော်ကြီးရေးသားခဲ့တဲ့
မြန်မာ့ စစ်တုရင် ကစားနည်းဖြစ်ပါတယ် ။
ရထဗျူဟာ၊ လေးဖြာခင်းကျင်း၊
စစ်ဆင်ခြင်ဖြင့်၊ မင်းရှစ်မျက်နှာ၊
ဧကာကွက်စီ၊ အညီမလွဲ၊
စစ်ကဲထောင့်လေး၊
ဆင်ရေးလည်းကောင်း၊
ရှေ့တစ်လောင်းလျက်၊
မျဉ်းကြောင်းရှစ်ကွက်၊
ထောင့်တက်မြင်းသွား၊
ရထားတူရှု့၊
နယ်မူရှေ့တစ်၊ တဆစ်ထို့ ပြင်၊
ဆင်မဏ္ဍရေး၊ ခြောက်ဆယ့်လေးသာ၊
ရထားမှာမူ၊ ဆယ့်ခြောက်ဟူသား၊
မှတ်ယူအာရုံ၊ လက်စွမ်းယုံတို့ ၊
ရွှေခုံအပြင်၊ စစ်တုရင်သို့ ၊
မြင်းဆင်ရထား၊ ခြေသည်များနှင့်၊
ဆင်သွားမြင်းသွား၊ ရထားနယ်တက်၊
ကပ်လျက်လိမ်ကာ၊ ပူးခါသော့အား၊
ပြားရွေ့မကွဲ၊ အားသွန်ခဲပြီး၊
စစ်ကဲဝန်းရံ၊ မင်းပါခံလည်း၊
မကြံနိုင်စွာ၊ ကြံရာမရ၊
လက်မှိုင်ချလျက်၊ တို့ ကသာသေ၊
သူကခွေရွေ့၊ သရေစရိုး၊
မရှိနိုးတည့်....။
မန်လည်ဆရာတော်