စိုက်ပြီးတဲ့နောက်မှာအပင်ပိုင်းကြီးထွားချိန် ပန်းပွင့်ချိန်နှင့် အသီးသီးချိန်တို့တွင် တစ်ပတ်လျှင် ရေတစ်လက်မ မှ
နှစ်လက်မခန့် လိုအပ်ပါသေးတယ်ရေလောင်းလျှင် နံနက်ခင်း၌ အပင်ခြေကို လောင်းပေးရပါတယ်အရွက်များကို
ရေမထိစေရန်နှင့် ရေအလွန်အကျွံ မလောင်းမိစေရန် ဂရုပြုရပါတယ် သီးကင်းစ တင် ဝင်ရောက်ချိန်တွင် ရေကို
လျှော့လောင်းရပါတယ်ခြောက်သွေ့သောရာသီသည် ဖရဲသီးကို ပို မိုချိုစေတာသိရပါတယ်
ဖရဲသည်ကိုင်းဖြတ်ပြုပြင်ရန် မလိုပါဘူး တစ်ချို့ဖြတ်ပါတယ် သို့သော် ဘေးကိုင်းများကို ဖယ်ရှားခြင်းဖြင့် ပင်မပင်
စည်ကို အားကောင်းစေပါတယ် အပင်ငယ်စဉ်တွင် ဘေးတက်ထွက်နိုင်သည့် အဖူးများကို ခြွေ ပစ်ရပါတယ်
ထို့အပြင် အပွင့်အချို့ကို ခြွေပေးခြင်းဖြင့်လည်းဖြစ်နိုင်ချေရှိသော အသီးများကို ခြွေခြင်း သည် စိန်ခေါ်မှုတစ်ခု
ဖြစ်သော်လည်းဘဲကျန်ရှိသောအပွင့်မှအသီးများကို ပိုမိုအားပေးနိုင်မည် ဖြစ်ပါတယ် စိတ်မပူပါနဲ့ရဲ၇ဲခြွေပါ
ဖရဲတွင် အဖိုပွင့်နှင့် အမပွင့်သည် တစ်ပင်တည်း၌ သီးခြားစီ ဖြစ်ပေါ်ပါတယ်ပုံမှန်အားဖြင့် အဖိုပွင့်များဟာဆိုရင်
အမပွင့်များမဖြစ်ပေါ်မီ ရက်သတ္တပတ်များစွာ စော၍ဖြစ်ပေါ်ကြပါတယ် အဖိုပွင့် များ ကြွေကျသော်လည်း ပြဿနာမဟုတ်
ပါဘူး အမပွင့်များ၏ အခြေ၌ ပွသောအဖုများ ရှိကြပါတယ် အမပွင့်များသည် အပင်ပေါ်တွင် ကျန်ရှိပြီး အသီးများ
သီးကြပါတယ်ပန်းပွင့်များ အသီးတင်ရန်အတွက် ဝတ်မှုန်ကူးခြင်းဟာလည်းလိုအပလာပါတယ် ပျားများကို အထူး
ဂရုစိုက်ဖို့ လိုလာပါတယ်အသီးရင့်မှည့်လာပါက အသီးကို အသာအယာမပြီးတော့ အသီးနှင့် မြေကြီးကြားထဲတွင်
ကတ္ထူ ပြားလိုဟာ ကောက်ရိုးများထားခြင်းဖြင့် အသီးပုပ်ခြင်းကို ကာကွယ်နိုင်ပါတယ်ပိုးမွှားနှင့် ရောဂါများ
ဖရဲတွင် အဓိကကျရောက်သော ဖျက်ပိုးများမှာ အရွက်စား ကျိုင်း ကောင်များအစက်အပြောက်နှင့် အစင်းပါ
သခွါးကျိုင်း ကောင်များအစက်ပြောက်ပါသောသို့မဟုတ်မပါသော ဘူးဖရုံကျိုင်းဝါများ တို့ဖြစ်ပါတယ်အဲ့ဒီလို
ဖျက်ပိုးများသည် ဖျက်ဆီးမှု လက္ခဏာတူညီပြီး ဖရဲပင်ကို ကိုက်ဖြတ်ဝါးစားကြပါတော့တယ်အဲ့ဒီလိုပိုးများ ကျရောက်
နေပါက အပင်ကြီးထွားမှုကို နှောင့်နှေးစေနိုင်ပါတယ်မျှတသောပတ်ဝန်းကျင်နှင့် မြေကောင်းတွင် ဖြစ်ထွန်း
အောင်မြင်နေသောဖရဲပင်သည် ပိုးမွှားများကို မဖိတ်ခေါ်သင့်သလို ထိုပိုးမွှားများရန်မှ ကင်းဝေး အောင်လည်း
အလျင်အမြန် ကြီးထွားသင့်ပါတယ်ဂရုစိုက်နိုင်လေ အပင်အသီးကောင်းဖို့သေချာလေပါဘဲ သိပ်မလုပ်ရပါဘူး
အဲ့ဒီအပွင့်ထိုးတဲ့အချိန်တော့သေချာဂရုစိုက်ရပါတယ်
Author : @a21
Photos credit; Google Image