သူရှိနေလို့သာတွေ့တာ

a21(44)
Published in
#busy
Words
64
Reading
1 min
Listen
Play
9y

![FB_IMG_1511227407294.jpg](https://res.cloudinary.com/hpiynhbhq/image/upload/v1511600487/ywpugkaj7djz5sbcpt90.jpg)

သင်တို့အားလုံး နားထောင်ကြပါလေကျွန်တော်တို့ကားထဲမှာ ကံဆိုးသူ တစ်ဦး ပါနေတယ်ထင်ပါတယ်။ ဒါကြောင့် မိုးကြိုးတွေက ကားကို မရပ်မနား ပစ်နေတယ်လေ ကျွန်တော် အရှောင်ကောင်းလို့ မိုးကြိုးနဲ့ လွဲခဲ့ရတာတွေလည်း ရှိတယ်။ ကံဆိုးသူ တစ်ယောက်ကြောင့် ကားကို မိုးကြိုးထိမှန်ရင် အားလုံး သေကျေပျက်စီးကြလိမ့်မယ်လေဒီတော့ တစ်ခု စဉ်းစားကြပါ။ ကံဆိုးသူကို ဖော်ထုတ်ရပါလိမ့်မယ်လေဒီလူတွေက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကုန်ကြလို လုပ်ကြရအောင်ပါ။ ကားပေါ်က တစ်ယောက်ချင်း ဆင်းသွားပြီး ရှေ့မှာ ရှိတဲ့ သစ်ပင်ကြီးကို လက်နဲ့ ထိပြီး ဒီကို ပြန်လာခဲ့ကြပါ။ ကံဆိုးသူဟာ လမ်းမှာတင် တရားစီရင်ခြင်း ခံလိုက်ရနိုင်ပါတယ်။ ကံဆိုးသူ ပေါ်ထွက်လာမှ ကျွန်တော် ကားကို ဆက်မောင်းပါ့မယ်ကားပေါ်မှ လူများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အဘိုးအို တစ်ဦးက အရင်ဆုံးဆင်းသွားသည်။ သူက သစ်ပင်အထိ ရောက်အောင် သွားကာ သစ်ပင်ကို လက်နှင့်ထိပြီး ပြန်လာသည်။ ကားပေါ်ရောက်မှ သူက သက်ပြင်းချလိုက်ပါတော့၏