ဒေီမှာပါတာကမလဆန်းတညမှာ ကျနော်အိပ်ပျော်နေစဉ် မီနာမီကီကန်မှ ဗိုလ်မိုးကြိုးက လွှတ်လိုက်သည့် ဂျပန်နှစ်ယောက် ကျနော့်အိမ်ကင်းကို အတင်းဆွဲလာပြီး ကျနော့်ကိုနှိုးပြီး ပြောပြသည်မှာ - မြောင်းမြဒေသမှာ လှည့်လည်သွားနေတဲ့ ကာနယ်အီဂျီမား ကျဆုံးသွားပြီ၊ နယူးဒေလီရေဒီယိုက ဂျပန်တပ်တတပ်ကို ဗြိတိသျှလိုလားသော ကရင်ပျောက်ကြားတွေက ချုံခိုတိုက်ခိုက်ရာ ဂျပန်ကာနယ်တဦး ကျဆုံးသွားကြောင်း အသံလွှင့်လို့ တိုကျိုက သက်ဆိုင်ရာကတဆင့် ကာနယ်ဆူဇူကီး ဗိုလ်မိုးကြိုးကို အမြန်ဒီကိစ္စ အရေးယူခိုင်း၍ မနက်ဖန် ဗိုလ်မိုးကြိုး ဒီဒေသသွားမယ်လေ ခင်ဗျားပါ လိုက်ရမယ်လေခင်ဗျာတပ်တွေ ချက်ချင်း နက်ဖန်ထွက်နိုင်အောင် လုပ်ရမယ်ဆိုလို့ ကျနော့်တပ်ခွဲ သုံးခွဲကျော်လောက် တပ်ပြင်ပြီး နောက်နေ့ ဗိုလ်မိုးကြိုးနဲ့ လိုက်ရပါသည် မြောင်းမြသွားပြီး တိုက်ပွဲဖြစ်ရာနေရာကို သွားကြည့်ပါသည်။ ကျဆုံးသွားသော ဂျပန်ကာနယ်၏ အလောင်းကို ရှာဖွေရယူပြီး မီးသဂြိုဟ်ကာ အရိုးအိုးကို ယူပါတယ် ထိုနောက် ဗိုလ်မိုးကြိုးသည် ကရင်သူပုန်များ အခြေစိုက်ရာ ဒေသရွာများကို လက်စားချေတိုက်ခိုက်ရန် နှစ်ပတ်မျှ ချီတက်သွားလာခဲ့ပါတယ်ထိုအတွင်း ငြိမ်းချမ်းရေးလုပ်နေသော ကျနော့်တပ်စုကလေးသည် အတော်အထိနာပြီး ခေါင်းဆောင်ဗိုလ်ကလေးလည်း ကျဆုံးသွားပြီ ထင်ပါတယ်လို့ဆိုပါတယ်